Ep - 63

695 82 8
                                    

Unicode

Luo Kai က ဖြေရှင်းချက်တစ်ခု အဆိုပြုခဲ့သည်- {အဲဒါကို ရှင်းချင်တာလား}

ဖူဟန်သည် ဆန့်ကျင်ဘက်အခြမ်းရှိ ယွီကျစ်ယွီကို ကြည့်လိုက်ပြီး ပြန်ဖြေလိုက်သည်။
{ဟင့်အင်း၊ လေအိုးလေးက စျေးဝယ်ထွက်ချင်နေလို့}

ဖူဟန်က အပြင်ထွက်စားဖို့ စီစဥ်နေမှန်း ယွီကျစ်ယွီသိသောကြောင့် တစ်လျှောက်လုံး ပြုံးနေသည်။ အန်တီက သစ်သီးပန်းကန်ယူလာတဲ့အခါ ဝီရိယရှိရှိ သူပြောလိုက်တယ်။
"အဲ့ဒီမှာတင်ထားလိုက်ပါ၊ လောင်ကုန်းကိုအရင်စားခွင့်ပေးမယ်"

ဖူဟန်က နားထောင်ပြီး အသေးစိတ်အချက်အလက်ကို တွေးလိုက်သည်။
"အန်တီက ငါတို့ကို စုံတွဲလို့ထင်နေတာလား"

"ဟုတ်တယ်! ခင်ဗျားက ကျွန်တော့်ကို အရမ်းချစ်တာလို့ ကျွန်တော်ပြောထားတယ်"

"...."
အချိန်တွေ ဘယ်လောက်ပဲ ကုန်နေပါစေ။ အရေပါးလေး လေအိုးလေးကတော့ အံ့သြစရာအကောင်းဆုံးဖြစ်နေတုန်းပဲ။

ယွီကျစ်ယွီသည် ဖူဟန်တစ်ယောက် ဆွံ့အနေတာကို သတိပြုမိပြီး သေချာမေးလာတယ်။
"အဲ့လိုမပြောနိုင်ဘူးလား?ကျွန်တော်တို့ အပြင်မှာဆို စုံတွဲအဖြစ် ဟန်ဆောင်နေတာမဟုတ်ဘူးလား?"

ဖူဟန်က ရှင်းပြဖို့ နောက်ကျနေပြီဟု ထင်တဲ့အတွက် အကြံပြုပေးလိုက်သည်။
"ဟုတ်တယ်၊အန်တီ့ရဲ့အတွေးအခေါ်က ရှေးဆန်တယ်၊ မင်းသတိထားသင့်တယ်နော်"

ယွီကျစ်ယွီက ခေါင်းညိတ်ပြီး " ကောင်းပြီ၊ ကျွန်တော်တို့ တူတူမနေဘူးလို့ပြောလိုက်မယ်၊ ကျွန်တော်တို့ အိပ်တဲ့အခန်းကလည်း မီတာရာနဲ့ချီခြားနေတယ်လို့.. ကျွန်တော်တို့ တစ်ကြိမ်ပဲနမ်းဖူးပြီးတော့ တစ်ယောက်ရဲ့အတွင်းခံအရောင်ကိုတောင် တစ်ယောက်မသိပါဘူး လို့ပြောလိုက်မယ်"

"...."

ဖူဟန် အသက်ပြင်းချလိုက်ပြီး "အန်တီက ငါတို့အကြောင်းမေးတဲ့အခါ ပြုံးပဲပြုံး, စကားမပြောနဲ့"

ယွီကျစ်ယွီတစ်ယောက် ခေါင်းထပ်ညိတ်လိုက်ပြီး "ရှက်ချင်ယောင်ဆောင်တာ! ကျွန်တော်လုပ်တတ်တယ်!"

ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်Where stories live. Discover now