Chapter 174: Leave the Cloud Continent

2.8K 246 1
                                        

Unicode

မီးတောက်နီနတ်ဆိုးသည် မှော်လက်နက်မျိုးစုံကို ထုတ်ပြီး အကာအကွယ်ကို အဆက်မပြတ် တိုက်ခိုက်ခဲ့သည်။ မီးတောက်နီနတ်ဆိုး၏ အဆက်မပြတ် တိုက်ခိုက်မှုကြောင့် အကာအကွယ်သည် ယိမ်းယိုင်သွားခဲ့သည်။ အကာအကွယ်မှာ ယိမ်းယိုင်နေသော်လည်း ၎င်းသည် အလွန်ကောင်းမွန်သော ခံနိုင်ရည်ရှိပြီး မီးတောက်နီနတ်ဆိုး၏ တိုက်ခိုက်မှုကြောင့် ကြီးကြီးမားမား ပြဿနာများ မဖြစ်ပွားခဲ့ပေ။

ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ကောင်းကင်နှင့်မြေကြီး၏ ကြွယ်ဝသော ဝိညာဉ်စွမ်းအင်များ သွန်းလောင်းကျလာသည်။ ရွှီမုရန်နှင့် အခြားအဖွဲ့သားများသည် ရုတ်တရက် လန်းဆန်းသွားကြသည်။ ရွှေအမြုတေကို အောင်မြင်စွာ တည်ဆောက်ပြီးနောက် ကောင်းကင်နှင့် မြေကြီးမှ ဝိညာဉ်စွမ်းအင်များ၏ ကောင်းချီးကို ရရှိမည်ဖြစ်သည်။ ယခုအချိန်တွင် ရွှေအမြုတေကျင့်ကြံသူ၏ ပတ်လည် တွင်ရှိနေသောသူများသည်လည်း အကျိုးရှိပေသည်။

"ဖေဖေက ရွှေအမြုတေအဆင့်ကို ရောက်သွားပြီ၊ ဖေဖေက ရွှေအမြုတေအဆင့်ကျင့်ကြံသူဖြစ်လာပြီ။ ဖေဖေက သားတို့ကို ကူညီဖို့ လာတော့မယ်" ဟု ရှောင်ရှောင်ဖန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ရှောင်ရှောင်ဖန်ရဲ့ စိတ်လှုပ်ရှားမှုကိုမြင်တော့ မီးတောက်နီနတ်ဆိုးက လှောင်ပြောင်ပြောဆိုလိုက်၏။
"မင်းအဖေက ရွှေအမြုတေအဆင့်ကို ရောက်သွားတော့ရော ဘာဖြစ်လဲ? သူက အစောပိုင်းအဆင့်မှာပဲ ရှိသေးတယ်"

ထို့နောက် အကာအကွယ်၌ ဝိညာဉ်စွမ်းအားများ ဆုတ်ယုတ်သွားကာကျန်ရှိသော စွမ်းအားများ စုစည်းလာခဲ့ပြီး လျှပ်စီးကဲ့သို့ လျင်မြန်သောအရှိန်ဖြင့် မီးတောက်နီနတ်ဆိုးဆီသို့ တိုးဝင်လာသည်။ မီးတောက်နီနတ်ဆိုးသည် အစောပိုင်းက မိုးကြိုးမီးတောက်သစ်ကြားသီးများ တစ်ချိန်တည်း ပေါက်ကွဲမှုကို ခံခဲ့ရပြီး ယခုအခါ ခုခံနိုင်ခြင်းမရှိဘဲ နောက်သို့ လွင့်စင်သွားခဲ့သည်။

ရှောင်ကျင့်ထျင်သည် ကျင့်ကြံမှုမှ ထွက်လာသည်နှင့်ရွှီမုရန်ထံမှ အကာအကွယ်ကို ရယူခဲ့သည်။ ရွှီမုရန်နှင့် ရှောင်ကျင့်ထျင်တို့သည် တူညီသော စိတ်ရှိကြပြီး မျက်လုံးတစ်မှိတ်အတွင်း အကာအကွယ်ကို အသုံးပြုခွင့်ကို လွှဲပြောင်းခဲ့သည်။ ရှောင်ကျင့်ထျင်သည် အကာအကွယ်အား အသုံးပြုပိုင်ခွင့်ကို လွှဲပြောင်းရယူပြီးသည်နှင့် ချက်ချင်းဆိုသလိုပင် တိုက်ခိုက်ခြင်းကို စတင်ခဲ့ရသည်။ ကြီးမားသောတိုက်ခိုက်မှုကြောင့် မီးတောက်နီနတ်ဆိုး လွင့်ထွက်သွားသည်ကို မြင်လိုက်ရသော်လည်း ရှောင်ကျင့်ထျင်သည် သတိမလျော့ဝံ့ဘဲ အမြန်လိုက်ခဲ့လေသည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now