Unicode
အချိန်ကြာလာသည်နှင့်အမျှ စိမ့်တောထဲသို့ ခရီးဆက်ခဲ့သော လူများ တိုးလာကာ အချို့က ရှေ့သို့ရောက်ခဲ့ကြပြီး အချို့က ရွှံ့နွံထဲတွင် သေဆုံးသွားခဲ့ကြသည်။ အချို့ကတော့ နောက်ကြောင်းပြန်လှည့်ခဲ့ကြလေ၏။
ရွှီမုရန်က ကမန်းကတန်း ဝင်လာခဲ့သည်။ ရှောင်ကျင့်ထျင်က ရွှီမုရန်ကိုကြည့်ပြီး "ဘာဖြစ်လို့လဲ?"
ရွှီမုရန်က "ငါ သတင်းတစ်ခု ရခဲ့တယ်"
"ဘာလဲ?" ရှောင်ကျင့်ထျင်က မေးသည်။
"ရွှံ့နွံထဲမှာ ရွှေအမြုတေအဆင့် သားရဲတစ်ကောင် ပေါ်လာတယ်တဲ့" ရွှီမုရန်ကဆိုသည်။
ရှောင်ကျင့်ထျင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး "ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
ချန်ရွှ်ိက စဉ်းစားလိုက်ပြီး ပြောသည်။ "ဖြစ်နိုင်တယ်"
ရှောင်ကျင့်ထျင်က ချန်ရွှ်ိကို ကြည့်ပြီး "တကယ် ဖြစ်နိုင်ပါ့မလား?" ဟုမေးသည်။
ချန်ရွှ်ိက ခေါင်းညိတ်ပြီး ပြောသည်။ "ဟုတ်တယ်၊ ကောင်းကင်ဆည်းဆာလျှို့ဝှက်နယ်မြေကို ရှေးခေတ်က အင်အားအကြီးဆုံး ဂိုဏ်းကြီးအချို့က ဖွင့်ခဲ့တယ် ဆိုတဲ့ ကောလဟာလတွေ ရှိတယ်။ အတိတ်က အသန်မာဆုံးလူတွေက နေရာလွတ်တွေကို ဖန်တီးနိုင်သလို သူတို့ရဲ့ တပည့်တွေရဲ့ လုံခြုံမှုကို သေချာစေဖို့အတွက် လျှို့ဝှက်နယ်မြေမှာရှိတဲ့ နတ်ဆိုးသားရဲတွေရဲ့ ကျင့်ကြံဆင့်ကို ရွှေအမြုတေအဆင့်အောက်မှာ ကန့်သတ်ထားခဲ့တယ်"
"အချိန်တွေကြာလာတာနဲ့အမျှ အဲဒီအင်အားကြီးတဲ့သူတွေကသေဆုံးသွားကြတယ် ဒါမှမဟုတ် ကောင်းကင်ဘုံပေါ်တက်သွားကြပေမယ့် ကောင်းကင်ဆည်းဆာလျှို့ဝှက်နယ်မြေက လည်ပတ်နေဆဲပဲ။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ၊ လျှို့ဝှက်နယ်မြေရဲ့ ကန့်သတ်ချက်မှာ တစ်ခုခုလွဲမှားသွားတာမျိုးတွေ ရှိကောင်းရှိနိုင်တယ်"
ရှောင်ကျင့်ထျင်က သူ့မေးစေ့ကို ကိုင်လိုက်ပြီး "မှန်တယ်! ကျင့်ကြံသူတွေတောင် လိမ်လည်လှည့်ဖြားနိုင်တာကြောင့် လျှို့ဝှက်နယ်မြေမှာ နှစ်ပေါင်းများစွာနေထိုင်ခဲ့တဲ့ နတ်ဆိုးသားရဲတွေလည်း ခြွင်းချက်အချို့ကို ရှာတွေ့ခဲ့တာ အံ့သြစရာမဟုတ်ပါဘူး"

DU LIEST GERADE
ဝိညာဥ်ရေးရာအပင် ဆရာသခင်အဖြစ် ကူးပြောင်းလာခြင်း
SpirituellesBoth Unicode and Zawgyi are available! Title - 穿越之灵植师 Author - Ye Yiluo (叶忆落) Type - Web Novel (CN) Status in COO - 397 chapters (Complete) Original publisher - LC Read Genre - Action, Adventure, Mature, Romance, Shounen Ai, Xianxia I do not own a...