Unicode
"အကြီးအကဲချန်.. ခင်ဗျားရဲ့မြေးလေး အဆင်ပြေမှာပါ" တိမ်တိုက်စိမ်းအမတဂိုဏ်းရဲ့ခေါင်းဆောင် တုန်ချန်းယန်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
ချန်ရွှိ ပျောက်ကွယ်သွားပြီးနောက် ချန်လီဖုန်းသည်တိမ်တိုက်စိမ်းအမတဂိုဏ်းသို့ မရောက်မီတွင် တစ္ဆေရိပ်ဂိုဏ်း၊ ကောင်းကင်နတ်ဘုရားဂိုဏ်းတို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
"ဒီကောင် ရှောင်ကျင့်ထျင်က ရှောင်ရွှိကို ဘာလို့ခေါ်သွားရတာလဲ?" ချန်လီဖုန်းက မကျေမနပ် ပြောသည်။
တုန်ချန်းယန်က ခါးသက်စွာ ပြုံးပြီး "အခြေအနေအရ ရှောင်ကျင့်ထျင်က ခင်ဗျားရဲ့မြေးကို ဘေးကင်းဖို့အတွက် ခေါ်သွားခဲ့ရတာပါ"
ချန်လီဖုန်းက အေးစက်စွာ နှာခေါင်းရှုံ့ပြီး
"ကြားရတော့ ကောင်းတာပဲ" ဟု ပြောသည်။
ချန်ရွှိသည် ရှောင်မိသားစုနှင့်တွေ့ပြီးကတည်းက ရှောင်ရှောင်တုန်သည် ချန်ရွှိကို စွဲလန်းသွားပြီး သူ့အဘိုးထံမှ ဝေးရာသို့ ခေါ်ထုတ်သွားခဲ့သည်။
ချန်လီဖုန်းသည် မျက်လုံးများကို မှေးကျဉ်းထားသည်။ ရှောင်ကျင့်ထျင်သည် လျှို့ဝှက်နယ်မြေမှ ဝိညာဉ်သန့်စင်ရေကို ရရှိခဲ့ကြောင်း သူ့မြေးဖြစ်သူက သိထားသင့်သည်။ ထိုအကြောင်းကို မသိရင်တောင်မှ အမှန်တရားရဲ့ တစ်စိတ်တစ်ပိုင်းကို မှန်းဆနိုင်သင့်၏။ သို့သော် သူပြန်လာပြီးနောက်တွင် ၎င်းကို မဖော်ပြခဲ့ပေ။
"ရှောင်ကျင့်ထျင် အကြောင်း မင်းဘယ်လောက်သိလဲ?" ချန်လီဖုန်းက မေးသည်။
"စိတ်မကောင်းပါဘူး၊ ကျုပ်အများကြီး မသိပါဘူး" ဟု တုန်ချန်းယန်က ပြောသည်။
ရှောင်ကျင့်ထျင်က မီးတောက်နီနတ်ဆ်ိုးကိုသတ်ခဲ့သည်ကိုကြားတော့ တုန်ချန်းယန် အံ့အားသင့်သွားသည်။ သူသည် ဂိုဏ်းတွင်းရှိ ရွှေအမြုတေအဆင့်ကျင့်ကြံသူများကို မေးမြန်းခဲ့သော်လည်း ရှောင်ကျင့်ထျင်နှင့် ရင်းနှီးသူ အနည်းငယ်သာရှိသည်။
တုန်ချန်းယန်သည် ရှောင်ကျင့်ထျင်က ရှောင်ရှောင်ဖန်၏ဖခင်ဖြစ်ကြောင်း စုံစမ်းသိရှိခဲ့သည်။ ရှောင်ရှောင်ဖန် ဂိုဏ်းထဲဝင်ပြီး နှစ်အနည်းငယ်ကြာပြီးနောက် ရှောင်ကျင့်ထျင်သည် မိသားစုကို ခေါ်ဆောင်လာကာ ဝိညာဉ်ဆေးဥယျာဉ်တွင် အလုပ်လုပ်ခဲ့သည်။ ချိုးယွင်မှလွဲ၍ ဂိုဏ်း၏ စီမံခန့်ခွဲမှုတွင် သူနှင့် အဆက်အသွယ် သိပ်မရှိပေ။ ရှောင်ကျင့်ထျင်သည် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ရန်အတွက် ဂိုဏ်းဝင်တစ်ဦးဖြစ်လာခဲ့သည်။
ESTÁS LEYENDO
ဝိညာဥ်ရေးရာအပင် ဆရာသခင်အဖြစ် ကူးပြောင်းလာခြင်း
EspiritualBoth Unicode and Zawgyi are available! Title - 穿越之灵植师 Author - Ye Yiluo (叶忆落) Type - Web Novel (CN) Status in COO - 397 chapters (Complete) Original publisher - LC Read Genre - Action, Adventure, Mature, Romance, Shounen Ai, Xianxia I do not own a...
