Unicode
ရှောင်ကျင့်ထျင်နှင့် အခြားသူများသည် ကျွန်းပေါ်တွင် အခြေချနေထိုင်ပြီးနောက်တွင် စူးစမ်းလိုစိတ်ရှိသူများသည် သူတို့ကို စူးစမ်းလေ့လာရန် ဆက်လက်ရောက်ရှိလာကြသည်။ ရှောင်ကျင့်ထျင်တွင် ရွှေအမြုတေအဆင့် နတ်ဆိုးသားရဲခြောက်ကောင်ရှိပြီး ၎င်းတို့သည် အခြေတည်ဝိညာဉ်အဆင့်အောက် ကျင့်ကြံသူများနှင့် ရင်ဆိုင်ရန် ပြဿနာမရှိပေ။ လာသည့်လူတိုင်း ပြန်မထွက်သွားနိုင်ကြပါ။
တိုက်ပွဲအနည်းငယ်ပြီးနောက် နောက်ဆုံးတွင် ကျွန်းသည် ငြိမ်းချမ်းသွားခဲ့သည်။
ရှောင်ရှောင်ဖန်နှင့် အခြားသူများသည် တည်ငြိမ်စွာ ကျင့်ကြံနေခဲ့ပြီး ဘဝသည် တိတ်ဆိတ်သွားခဲ့သည်။
"မင်း အပြင်သွားအုံးမလို့လား?" ရွှီမုရန်သည် ရှောင်ကျင့်ထျင်ကိုကြည့်ကာ မေးလိုက်သည်။
ရှောင်ကျင့်ထျင်က ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။ ကောင်းကင်နတ်ဆိုးခန္ဓာကို လေ့ကျင့်ဖို့အတွက် ကိုယ် ရွှေအမြုတေအဆင့် နတ်ဆိုးသားရဲတွေရဲ့သွေး လိုအပ်တယ်။ ဒါကြောင့် အမဲလိုက်ဖို့ အပြင်ထွက်ရမယ်။ ဒီတစ်ခါတော့ ရွှေအမြုတေအဆင့်နတ်ဆိုး သားရဲတွေ နည်းနည်းလောက် ဖမ်းမိရင်ကောင်းမယ်"
ရှောင်ကျင့်ထျင် ထွက်လာတော့ ရှောင်ရှောင်တုန်နဲ့ တခြားသူတွေက သူ့ကို စောင့်နေသည်ကို မြင်လိုက်ရသည်။
"မင်းတို့ရောလိုက်မလို့လား?" ရှောင်ကျင့်ထျင်က သူတို့ကို တစ်ချက်ကြည့်လိုက်သည်။
ရှောင်ရှောင်တုန်က ခေါင်းညိတ်ပြီး "ဟုတ်တယ်ဖေဖေ။ သားတို့ ဖေဖေ့ကို ကူညီနိုင်တယ်"
"ဟုတ်တယ် ဦးလေးရှောင်၊ အမြင်ကျယ်လာဖို့အတွက် ကျွန်တော်တို့ကိုပါ ခေါ်သွားပါ"
"ကောင်းပြီ၊ ငါ့နောက်လိုက်ခဲ့ကြ" ရှောင်ကျင့်ထျင်ကပြောသည်။
ရှောင်ကျင့်ထျင်နှင့် အခြားသူများသည် ဖေးရွှယ်စံအိမ်သို့ လျှောက်သွားကြသည်။ သူတို့သည် ကုန်းတွင်းပင်လယ်တွင် ရှိနေကြပြီး ထိုနေရာ၌ ရှိသည့် နတ်ဆိုးသားရဲ အရေအတွက်မှာ အကန့်အသတ်ရှိပေသည်။ သူတို့သည် ရွှေအမြုတေအဆင့် နတ်ဆိုးသားရဲများကိုလိုက်ရှာချင်ပါက ပွင့်လင်းသောပင်လယ်ပြင်ကိုသွားရပေမည်။ ဖေးရွှယ်စံအိမ်တွင် နေရာပြောင်းရွှေအစီအရင်ရှိပြီး ကျင့်ကြံသူများကို ပွင့်လင်းသော ပင်လယ်ပြင်ရှိ ကျွန်းတစ်ကျွန်းပေါ်သို့ တိုက်ရိုက်ပို့ဆောင်ပေးနိုင်သည်။
ESTÁS LEYENDO
ဝိညာဥ်ရေးရာအပင် ဆရာသခင်အဖြစ် ကူးပြောင်းလာခြင်း
EspiritualBoth Unicode and Zawgyi are available! Title - 穿越之灵植师 Author - Ye Yiluo (叶忆落) Type - Web Novel (CN) Status in COO - 397 chapters (Complete) Original publisher - LC Read Genre - Action, Adventure, Mature, Romance, Shounen Ai, Xianxia I do not own a...
