Chapter 169: Enter the Inner City

399 79 2
                                    

Unicode

လျိုကျင့်ရုန်သည် ရှောင်ကျင့်ထျင်ဆီသို့ လျှောက်သွားသည်။

"ဂျူနီယာညီလေးရှောင် မင်းဒီကိုရောက်လာလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး"

ရှောင်ကျင့်ထျင်က ရှက်ရွံ့စွာ ပြုံးလိုက်သည်။ "ချန်သခင်လေးကြောင့်မဟုတ်ရင်၊ ကျွန်တော်တို့ စိမ့်တောထဲမှာ သေနေပါပြီ"

လျိုကျင့်ရုန်က ရှောင်ကျင့်ထျင်နဲ့ သူ့အဖွဲ့လို ကျင့်ကြံဆင့်နိမ့်တဲ့လူတွေ ဒီကိုရောက်လာဖို့ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ပေမယ့် ရှောင်ကျင့်ထျင်ရဲ့ ရှင်းပြချက်က အဓိပ္ပါယ်ရှိခဲ့လေသည်။ ချန်ရွှိသည် ချန်လီဖုန်း၏မြေးဖြစ်ပြီး ချန်ရွှိအတွက် ဝှက်ဖဲတစ်ခုကို ပြင်ဆင်ထားသင့်သည်။

လျိုကျင့်ရုန်သည် ထိခိုက်သေဆုံးမှုမရှိဘဲ ရောက်ရှိလာသော ရှောင်ကျင့်ထျင်အဖွဲ့၏ ကံကောင်းခြင်းကို တိတ်တဆိတ် မနာလိုဖြစ်မိသည်။ သူ၏အဖွဲ့သည် အစပိုင်းတွင် လူသုံးဆယ်ကျော်ဖြင့် စတင်ခဲ့သော်လည်း ခုနစ်ဦး သို့မဟုတ် ရှစ်ဦးသာ ဤနေရာသို့ ရောက်ရှိနိုင်ခဲ့သည်။

"ကျေးဇူးတင်ပါတယ် ချန်သခင်လေး" လျိုကျင့်ရုန်က ချန်ရွှိကို ခေါင်းညိတ်ပြလိုက်သည်။

ချန်ရွှိက သူ့ခေါင်းကို ခါယမ်းလိုက်ပြီး "ဒါက ဘာမှမဟုတ်ပါဘူး။ ဦးလေးရှောင်ကလည်း ကျွန်တော့်ကို အများကြီး ကူညီပေးခဲ့ပါတယ်"

လျိုကျင့်ရုန်က "လာ၊ ဒီအကြောင်းကို မပြောကြတော့နဲ့။ ဂျူနီယာညီလေးရှောင်နဲ့ ချန်သခင်လေး.. မင်းတို့ခရီးပန်းလာကြတာမလို့ ကျေးဇူးပြုပြီး ငါတို့နေရာမှာ အနားယူပါ"

ချန်ရွှိက ပြုံးပြီး ဝမ်းသာအားရနဲ့ပြော၏။ "ဒါသိပ်ကောင်းတယ်။ ခရီးက အရမ်းပင်ပန်းပြီး တကယ်အန္တရာယ်များတယ်!"

"ချန်သခင်လေး မင်းက အရမ်းကံကောင်းတယ်။ ငါတို့အဖွဲ့က စိမ့်တောထဲကို ဝင်ပြီး မကြာမီပဲ တုန်လှုပ်သွားခဲ့ကြတယ်။ နောက်ဆုံး ငါတို့ ဒီကိုမရောက်လာခင်မှာ အသင်းဖော်တော်တော်များများကို ဆုံးရှုံးခဲ့ရတယ်။ စကားမစပ်၊ မင်းတို့ လမ်းတစ်လျှောက်မှာ ရွှံ့နွံသားရဲတွေ အများကြီးတွေ့ခဲ့ရသေးလား?"

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းOnde histórias criam vida. Descubra agora