Chapter 59

711 125 3
                                    


(Unicode)

တရားရုံးတော်မှာ ဤရက်ပိုင်း၌ အလွန်တရာ အလုပ်များနေကြ၏။ ပထမဦးစွာ ကျောင်းနန်၏ အုပ်ချုပ်ရေးမှူးက မြို့တော်သို့ ပို့ဆောင်ခံရပြီး ရက်အနည်းငယ်အကြာတွင် အဆက်အသွယ်ကောင်းများရှိသည့် ဟွိုင်ကျိုး၏ စီရင်စုအုပ်ချုပ်ရေးမှူးနှင့် တခြားရာထူးမြင့်အရာရှိများက ဖမ်းဆီးထိန်းသိမ်းခံရပြီး ခေါ်ဆောင်ခံလာရသည်။

ဧကရာဇ်မှာ အမျက်တော်ထွက်ကာ ပင်မဌာနကြီးသုံးခုကို ပူးပေါင်းစစ်ဆေးရေးလုပ်ရန် အမိန့်တော်ချမှတ်ခဲ့သည်။ ကျောင်းနန်ရှိ ပူးပေါင်းလိမ်လည်ထားကြသည့် အရာရှိများအားလုံးကို ဖယ်ရှားရန် လိုအပ်ပေသည်။ ဤသည်မှာ ကျန်လူများကိုလည်း သတိပေးလိုက်သည့် သဘောပင်။

ထီးနန်းတက်ချိန်မှစပြီး ဧကရာဇ်မှာ ယခင်မင်းဆက်မှ ကျန်ရှိနေသည့် လူများကို ရှင်းထုတ်ရန် လှုပ်ရှားခဲ့သော်လည်း မြို့တော်ကိုသာ အာရုံစိုက်ခဲ့မိ၏။ ကျောင်းနန်မှာမူ အမြဲတမ်း တိတ်ဆိတ်အေးချမ်းခဲ့လေရာ အုပ်ချုပ်ရေးမှူးကပင် မြို့တော်နှင့် အဝေးတွင် ရှိနေသည်ကို အခွင့်ကောင်းယူပြီး တော်ဝင်အမိန့်တော်ကို ဖီဆန်ရဲမည်ဟု တစ်ခါမှ မမျှော်လင့်ခဲ့ပေ။ ထိုအောက်ခြေရှိ လူများက မည်မျှပင် ပုပ်သိုးဆွေးမြေ့နေသည်ကို မည်သူ သိမည်နည်း။

ခွောင်းရှန့်၏ အစီရင်ခံစာကိုသာ သူ သတိမထားခဲ့မိပါက ထိုလူများမှာ သူ့ကို ဆက်လက်လှည့်စားနေလိမ့်မည်။ သို့ရာတွင် ခွောင်းရှန့်မှာ ဤကိစ္စကို ဖော်ထုတ်ရာတွင် အကျိုးပြုခဲ့သော်လည်း ရေဘေးအန္တရာယ်မှားယွင်းတင်ပြခြင်းအတွက် စွဲချက်တင်ခံရမှုကို မရှောင်လွှဲနိုင်ချေ။

ထိုအတွက်ကြောင့် အချိန်တိုအတွင်း ပြန်လည်ရရှိရန် ခက်ခဲသည့် ငွေတုံးတစ်သိန်းမှာ မလိုအပ်ဘဲ ခွဲဝေခဲ့ရပြီး တိုင်းပြည်ဘဏ္ဍာတိုက်ကို ငွေကြေးပြတ်လပ်စေခဲ့သည်။ အကြိမ်ကြိမ်အဖန်ဖန် သုံးသပ်ဆင်ခြင်ပြီးနောက်ဆုံး၌ ခွောင်းရှန့်ကို ရေသတင်းပေးရာထူးမှ ဖြုတ်ချကာ ကျန်သည့် ဘဝတစ်လျှောက်လုံးတွင်လည်း မည်သည့်အရာရှိရာထူးကိုမျှ ခန့်အပ်ခွင့်မရှိကြောင်း တားမြစ်ပိတ်ပင်ခဲ့၏။

အီဗယ်လ်စတားဂျန်နရယ်Where stories live. Discover now