Chapter 71

422 100 5
                                    

(Unicode)

ကျောက်ယဲ့လန် သူ့လည်ပင်းပေါ်တွင် တံဆိပ်ခတ်နှိပ်ခံထားရခြင်းကို မုန်းတီးသည့်တိုင် သူ့နောက်ကျောပေါ်တွင် ကဗျာများဖြင့်လည်း မဖုံးအုပ်လိုပေ။ ထိုအခိုက်အတန့်တွင် မည်သည်က ပို၍ စက်ဆုပ်စရာကောင်းမှန်းကိုပင် သူ မဆုံးဖြတ်နိုင်တော့။

သူ မတ်တတ်ထလိုက်ပြီး စာရွက်နှင့် စုတ်တံတစ်ခုကို ယူကာ စတင်ရေးဆွဲလိုက်သည်။ "奴" (ကျွန်)ဟူသည့် စာလုံးမှ စုတ်ချက်များကို ဆက်ဆွဲလိုက်ရာ တစ်မူထူးခြားကာ ရှုပ်ထွေးသည့် ပုံစံတစ်ခု ပေါ်လာ၍ မေးကြည့်လိုက်လေသည်။ "ဒီလိုပုံမျိုးကိုရော ဆေးမင်ကြောင်ထိုးလို့ ရမလား"

ယန်မျင်ထျင်က စာရွက်ကို ယူပြီး တစ်ခဏမျှ အသေအချာကြည့်နေ၏။ သူ၏ အသင့်အတင့်ပန်းချီစွမ်းရည်ကြောင့်လားတော့ မသိ၊ ထိုပုံစံမှာ အလွန်တရာ ရှုပ်ထွေးလှခြင်းမရှိဘဲ ထူးဆန်းသည့် စာလုံးအက္ခရာတစ်ခုနှင့်သာ တူနေသလိုပင်။

သူ ပြောလိုက်သည်။ "ရတယ်"

"ဒါဆိုရင် ဒီလိုပဲ ထိုးလိုက်တာပေါ့"

သူတို့နှစ်ယောက် ဆွေးနွေးပြီးကြသည့်နောက် ရှောင်ကောင်းက တံခါးလာခေါက်၏။ "သခင်၊ ညစာစားချိန်ရောက်ပါပြီ"

"အရင် ထမင်းစားကြတာပေါ့" ယန်မျင်ထျင်က ပုံဆွဲစာရွက်ကို ခေါက်လိုက်သည်။ "ဒါက အချိန်ယူရဦးမှာဆိုတော့ အရင် ထမင်းစားပြီးမှ ဖြည်းဖြည်းချင်း သွားကြမယ်"

ကျောက်ယဲ့လန်က သဘောတူဟန် ခေါင်းညိတ်ပြမိသည်။ သူ့အဝတ်အစားများကို ပြန်ဝတ်ပြီးနောက်တွင် တံခါးဖွင့်လိုက်၍ ရှောင်ကောင်းကို မကျေမနပ်မျက်နှာထားဖြင့် ကြည့်လိုက်မိရင်း ခပ်တိုးတိုး ဆိုလိုက်၏။ "ဘာလို့ ငါ ဟုံရှို့ဆောင်ကို သွားတဲ့အကြောင်း သူ့ကို သွားပြောလိုက်တာလဲ"

"အာ၊ ဒါက ကျွန်တော် မပြောသင့်တဲ့ အကြောင်းလား" ဗိုလ်ချုပ်ယန်က ဂူညှောင်ညှောင်နှင့် တွေ့ဆုံပြီးသည့်အပြင် သူ့သခင်၏ သူငယ်ချင်းဖြစ်မှန်းလည်း သိထားပြီးလေပြီ။ ထို့ကြောင့် သူ ပြောပြလျှင် အဆင်ပြေလိမ့်မည်ဟု ထင်ခဲ့ခြင်းသာ။

အီဗယ်လ်စတားဂျန်နရယ်Where stories live. Discover now