(Unicode)
(အရှေ့မှာ တစ်ပိုင်းတင်ထားသေးပါတယ်။ noti မတက်ဘူးဆိုလို့)
"အရှင်မင်းကြီး၊ ဒီနေ့ အမဲလိုက်ပွဲမှာ ရဲစွမ်းသတ္တိအရှိဆုံးကတော့ အရှင်မင်းကြီးပါပဲ။ ဒီလိုသားကောင်ကြီးကို အောင်အောင်မြင်မြင် အမဲလိုက်နိုင်ခဲ့တယ်ဆိုတာ အရှင်မင်းကြီးရဲ့ ကြီးမားလှတဲ့ ဘုန်းတန်ခိုးအာနုဘော်ကြောင့်ပါ" ဘေးရှိ အမတ်များက မြှောက်ပင့်ပြောဆိုကြလေသည်။
ကျောက်ရွှမ်းမှာ နားပင် အူနေလေပြီ။ ထိုကဲ့သို့ မြှောက်ပင့်သည့် စကားများ ကြားရခြင်းကို သူ မနှစ်မြို့ပေ။ ထိုလူများက အင်အားကြီးသူများကို ချီးမွမ်းပြီး အင်အားနည်းသူကို ဖိနှိပ်တတ်ကာ သူ အရင် အားနည်းခဲ့စဉ်က ထိုသို့ စကားများကို တစ်ခါမျှ မကြားခဲ့ရပေ။
သူနှင့်အတူကြီးပြင်းလာခဲ့သည့် ကျောက်ယဲ့လန်ကသာ သူ့ကို တိုက်တွန်းစရာရှိသည်ကို တိုက်တွန်း၍ အားပေးအားမြှောက်လုပ်သင့်သည့် နေရာတွင် အားပေးအားမြှောက်လုပ်ပေးခဲ့၏။ သို့ရာတွင် တစ်ခါမှ သူ့ကို တမင် ဖော်လံဖားခြင်း မရှိဖူးခဲ့ပါချေ။
သူ ဧကရာဇ်ဖြစ်လာသည့် ယခုအချိန်တွင်လည်း ရက်စက်ကြမ်းကြုတ်သည့် ကျားကြီးတစ်ကောင်ကို ဖမ်းမိသည့်တိုင်အောင် တစ်ဖက်လူက သူ့ကို အသိအမှတ်ပြုသလို အပြုံးတစ်ချက်သာ ပေးခဲ့သည်။ ထိုသည်က သူ့အတွက် အနှစ်မရှိသည့် မြှောက်ပင့်စကားများထက် ပို၍ သက်သောင့်သက်သာဖြစ်စေသည်။
ထိုအကြောင်းကို တွေးမိလျက် သူ သားကောင်ကို တစ်ဖန် ပြန်ကြည့်လိုက်ရင်း ကျောက်ယဲ့လန်ကို ပျော်ရွှင်စေရန် ကျားအရေခွံနှင့် ဒရယ်ကို ဆုချီးမြှင့်လိုက်ရန် စီစဉ်လိုက်၏။ သူ အနည်းငယ် ဂုဏ်ယူဝမ်းမြောက်မှုကို ခံစားရသည်ကတော့ အမှန်ပင်။
သူ အားရကျေနပ်စွာဖြင့် ရှေ့သို့ နှစ်လှမ်း တိုးသွားလိုက်ပြီး ကျောက်ယဲ့လန်ဆီသို့ ကြည့်လိုက်မိသည့်အခိုက် ထိုလူ၏ လက်ထဲမှ ယုန်ဖြူတစ်ကောင် ခုန်ထွက်လာကာ ကျောက်ယဲ့လန်က နောက်မှ အမြန်လိုက်ဖမ်းနေသည်ကို တွေ့လိုက်ရသည်။
ထိုယုန်ဖြူက မည်သည့်နေရာမှ ရောက်လာကြောင်း သူ တွေးတောနေမိသည့် အချိန်တွင် ကျောက်ယဲ့လန်က အနောက်သို့ လှည့်လျက် တစ်ဖက်လူကို ပြောဆိုလာခဲ့သည်။ "အဲဒီမှာ ဘာလို့ ငူငူငိုင်ငိုင် ဖြစ်နေသေးတာလဲ။ ဒီအတိုင်း ထွက်ပြေးခွင့်ပေးတော့မလို့လား"
![](https://img.wattpad.com/cover/334819167-288-k700234.jpg)
YOU ARE READING
အီဗယ်လ်စတားဂျန်နရယ်
Humorမီယမ်မာထရန်စလေးရှင်း Genre - Comedy, Romance, Yaoi Total Ch - 92 Ch + 13 extra အော်သာ - ကုစန်းယွဲ့