Chapter 30

768 109 2
                                    


(Unicode)

ဧကရာဇ်က စာသင်သားအသစ်များကို တာဝန်ချပြီး ဆုလာဘ်များ ချီးမြှင့်ပြီးသည့်နောက် အခမ်းအနားပွဲမှာ စတင်ခဲ့လေပြီ။

နေရာအနှံ့တွင် အတီးအမှုတ်ပညာရှင်များက တီးမှုတ်နေကြ၍ ကချေသည်များက ဖျော်ဖြေကခုန်နေကြလျက်။ လှပကြော့ရှင်းသည့် မိန်းကလေးများက ဝတ်စုံရှည်ကြီးများ၏ အနားသတ်ကို ဝှေ့ကာယမ်းကာ လူတို့ကို မိန်းမောစေ၏။

ဖျော်ဖြေမှုကို ကြည့်ရှုခံစားနေစဉ်အတွင်း လူတိုင်းမှာ စိတ်လွတ်လက်လွတ် သောက်စားနေကြပြီး အချိန်ခဏကြာသည့်နောက်တွင်မှ လှည့်ပတ်သွားလာစပြုကြတော့သည်။

ဧကရာဇ်နှင့် နီးကပ်သည့် ရာထူးမြင့်မှူးမတ်အရာရှိကြီးများက တစ်ယောက်ပြီးတစ်ယောက် ဧကရာဇ်၏ သေရည်ချီးမြှောက်ခြင်းကို သွားရောက်ခံယူကြကာ ချီးမွမ်းစကားများဖြင့် ထောပနာပြုနေဆဲ။ ယန်မျင်ထျင်က ဖော်လံဖားခြင်းကို စိတ်မဝင်စားသောကြောင့် သူ့ဘာသာ သောက်စားနေရင်း ကျောက်ယဲ့လန်ကို တစ်ချက် တစ်ချက် လှမ်းကြည့်မိသည်။ ထိုသူက လက်ဖက်ရည်နှင့် လိုက်ဖက်မည့် ကိတ်မုန့်ကို အသေအချာ ရွေးချယ်နေသည်ပင်။

"ဗိုလ်ချုပ်၊ ခန့်ချွမ်းရဲ့ ရုပ်ရည်က မဆိုးဘူးပဲ။ ပြီးတော့ သူ့အကျင့်စရိုက်ကလည်း ကောင်းပြီး အနာဂတ်ကောင်းလည်း ရှိတယ်လို့ ကြားတယ်" ခေါ်ဆွေးကျောင်းက သူ့နားရောက်လာကာ တိုးတိုးဖြင့်။ "သူ့ကို ယွဲ့ဟုံရဲ့ ခင်ပွန်းလောင်းလုပ်ခိုင်းရင်ရော"

ကျုံးယွဲ့ဟုံက ထိုစကားကြားရသည့်အခါ ချက်ချင်း လေးနက်သွားခဲ့၏။ "ပေါက်ကရတွေ လျှောက်မပြောနေနဲ့။ သူက လက်ထပ်ပြီးသား။ ငါ ကိုယ်လုပ်တော် အဖြစ်မခံနိုင်ဘူး"

ယန်မျင်ထျင်က ခန့်ချွမ်းကို တစောင်း ငေးကြည့်လိုက်သည့်အချိန်တွင် တစ်ဖက်လူက ကျောက်ယဲ့လန်ကို တိတ်တဆိတ် အကဲခတ်နေသည့်ပုံပင်။ သူ မျက်မှောင်ကြုတ်မိသွားသော်လည်း တစ်ဖက်လူက စက္ကန့်ပိုင်းမျှသာ ရပ်တန့်သွားပြီး ချက်ချင်း အကြည့်လွှဲသွားသည်။

"အာ...ဒီလိုကိုး။ ခက်တာက ဒီအရာရှိတွေအများစုမှာ မိသားစုကိုယ်စီ ရှိနေကြတာပဲ။ ဒီတော့ ကြေးများနေလို့ မရဘူး။ ဒါနဲ့ အဲဒီအဆင့်တစ်ရတဲ့ တစ်ယောက်ကတော့ လက်မထပ်ရသေးဘူးလို့ ငါ ကြားတယ်။ မင်း သူ့ကိုရော ဘယ်လိုထင်လဲ" ခေါ်ဆွေးကျောင်းက ဆက်မေးလိုက်သည်။

အီဗယ်လ်စတားဂျန်နရယ်Where stories live. Discover now