(Unicode)
အိပ်ရာပေါ်ရှိ ဖယောင်းတိုင်မီးမှာ ငြှိမ်းသတ်ပြီးပြီဖြစ်ပြီး တိတ်ဆိတ်လွန်းသောကြောင့် လူနှစ်ယောက်၏ အသက်ရှူသံကိုသာ ကြားနေရသည်။
ကျောက်ယဲ့လန်က တစ်ဖက်လူ စကားပြောလာမည်ကို မစောင့်ဘဲ အရင်သာ ထုတ်မေးလိုက်သည်။ "ဘာတွေတွေးနေတာလဲ။ နန်ကျောင်းနဲ့ ပတ်သက်တဲ့ ကိစ္စလား"
"အင်း၊ နန်းတော်ထဲက တစ်ယောက်ယောက်ကများ နန်ကျောင်းက အဆိပ်ကို ယူပြီး ငါ့အဖေအပေါ် သုံးခဲ့တာလားလို့" ယန်မျင်ထျင်က ပြန်ဖြေ၏။
နန်ကျောင်းရှိ လူများက ဆင့်ခေါ်ခံရသည့်အခါများမှ လွဲ၍ ပေကျင်းသို့ ဝင်ရောက်ခွင့်မရပေ။ ဆင့်ခေါ်ခံရ၍ လာလျှင်ပင် တော်ဝင်စစ်တပ်၏ တင်းကျပ်စွာ စောင့်ကြည့်ခြင်းကို ခံရလိမ့်မည်။ ထို့ကြောင့် သာမန်အရပ်သားများဖြင့် အဆက်အသွယ်ရှိရန်ဆိုသည်မှာ မဖြစ်နိုင်ရာ။
သို့သော်လည်း နန်ကျောင်းက ရွှမ်အင်ပါယာကို ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းခဲ့သည်မှာ မကြာသေးချေ။ သို့ဖြစ်ရာ လူတစ်ယောက်က နန်ကျောင်းနှင့် ပူးပေါင်းခဲ့ခြင်း (သို့မဟုတ်) နန်ကျောင်းသံတမန်ထံမှ အဆိပ်ကို တိတ်တဆိတ် ရယူခဲ့ခြင်းမှလွဲပြီး ဗိုလ်ချုပ်ဟောင်းကြီးကို အဆိပ်ခတ်မည့် စွန့်စားမှုကို မလုပ်တန်ရာ။
"အင်း၊ ငါတို့ အဲဒီအချိန်က နန်ကျောင်းသံတမန်နဲ့ ဘယ်သူ နီးနီးကပ်ကပ်ရှိလဲဆိုတာ ဆက်ရှာကြည့်ရမယ်။ အဲဒီခရီးအကြောင်း အသေးစိတ်သိရရင်တော့ အကောင်းဆုံးပဲ" ကျောက်ယဲ့လန်က အကြံပေးလာသည်။ "လီကျင်ယွီကလည်း အဲဒီမှာ ရှိခဲ့တယ်ဆိုတော့ သူ့ဆီမှာ သတင်းနည်းနည်းတော့ ရှိလောက်တယ်"
"ဒါပေမဲ့ သူ့ကို ပြောလာအောင် ဘယ်လိုလုပ်ရမှာလဲ"
"စောင့်နေ။ သူ ငါတို့တံခါးဝဆီကို သူ့ဘာသာ ရောက်လာလိမ့်မယ်"
ထိုစကားများကို ကြားရသည့်အခါ ယန်မျင်ထျင်၏ တောင့်တင်းနေမှုက နောက်ဆုံး ပြေလျော့သွားခဲ့သည်။ သူ ချက်ချင်း စိတ်သက်သာသွားရပြီးနောက် ပြုံးလိုက်ရင်း။ "ဟုတ်ပြီ၊ ငါ မင်းပြောတဲ့အတိုင်း နားထောင်လိုက်မယ်"

YOU ARE READING
အီဗယ်လ်စတားဂျန်နရယ်
Humorမီယမ်မာထရန်စလေးရှင်း Genre - Comedy, Romance, Yaoi Total Ch - 92 Ch + 13 extra အော်သာ - ကုစန်းယွဲ့