Chapter 23

833 137 11
                                    

(Unicode)

စားသောက်ဆိုင်လုပ်ငန်းမှာ ညဘက်၌ အလွန်ရောင်းကောင်းလှသည်။ တချို့တပ်သားများက သူတို့မိသားစုများကို အဖော်ပြုရန် အပြေးအလွှား ပြန်သွားကြကာ သောက်စားပြီးသည်နှင့် တခြားဧည့်သည်များအတွက် နေရာပေးလိုက်ကြ၏။

ယွိတာ့လီထွက်သွားပြီးသည့်နောက် ကျောက်ယဲ့လန်က ပြတင်းပေါက်ကို ဖွင့်လျက် အောက်ထပ်ရှိ ဧည့်သည်များ ဝင်ထွက်သွားလာနေကြသည့် မြင်ကွင်းကို ကြည့်နေသည်။ စာပေသမားအုပ်စုတစ်စု ချဉ်းကပ်လာသည့်အချိန်မှ သူ ကောင်းထန်ကို ဆိုလိုက်ခြင်းပင်။ "ဒီလူတွေကို အခန်းနှစ်မှာ နေရာပေးဖို့ ဆိုင်ရှင်ကို သွားပြောလိုက်"

များမကြာမီ၌ ကော်ရစ်တာမှ ရယ်မောသံများ ပဲ့တင်ထပ်လာသည်။ ကောင်းထန်က စကားပြောရန် ဟန်ပြင်သော်လည်း ကျောက်ယဲ့လန်က တိတ်တိတ်နေရန် လက်ဟန်ပြကာ တစ်ဖက်တံခါးမှ လှုပ်ရှားသံများကို ဂရုတစိုက် နားထောင်နေ၏။

ဤလူစုမှာ တော်ဝင်စာမေးပွဲကို ပါဝင်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များဖြစ်ပြီး အတော်အသင့် နာမည်ကျော်ကြားသူများ ဖြစ်ကြလေသည်။ အခန်းထဲတွင် နေရာယူကြပြီးနောက် ချက်ချင်းပင် စတင်သောက်စားကြကာ ကြွားလုံးထုတ်သည့် အနေဖြင့် ကဗျာများ သီကုံးကြလေရာ တခြားလူများ၏ ချီးကျူးအားပေးမှုကို ရရှိကြ၏။

တက်ကြွလွန်းလှသည့် အသံများကြားတွင် လူတစ်ယောက်၏ လေသံက ခပ်တိုးတိုး။ "ငါ မသောက်တော့ဘူး။ ငါ့မှာ ပိုက်ဆံမလောက်လို့"

"မင်း သောက်တောင် မသောက်ဘဲ ထွက်သွားလို့ မရဘူးလေ။ ဒီလိုဆိုရင်ရော ဘယ်လိုလဲ၊ ငါတို့အားလုံးကို စိတ်ကျေနပ်စေမဲ့ ကဗျာတစ်ပုဒ်လောက် မင်း ဖွဲ့ပြ၊ အဲဒါဆိုရင် ငွေတစ်ပြားမှ မကုန်စေရဘဲ ငါတို့ မင်းကို သွားခွင့်ပေးမယ်၊ ဘယ်လိုသဘောရလဲ"

ထိုလူက ချက်ချင်း တိတ်ဆိတ်သွားကာ ယနေ့စားသောက်ပွဲကို ရည်ညွှန်းလျက် ကဗျာတစ်ပုဒ်ကို ရွတ်ဖတ်လာသည်။ ထိုကဗျာဖြင့် လေလုံးထွားနေကြသည့် လူပေါ်ကြော့များကို တိုက်ရိုက် သရော်လိုက်ခြင်းပင်။ ထိုထိုးနှက်ချက်က အခန်းထဲရှိ လူများ၏ မျက်နှာထားများကို ပြောင်းလဲသွားစေ၏။ သူတို့ကို အပြစ်ရှာဝေဖန်နေသည်ကို သိသည့်အခါ ထိုသူအားလုံးက တစ်ပြိုင်တည်း သူ့ကို စိန်ခေါ်လာကြသည်။

အီဗယ်လ်စတားဂျန်နရယ်Where stories live. Discover now