Chapter 76

420 104 2
                                    


(Unicode)

နောက်နေ့ ညီလာခံတွင် ထူးဆန်းသည့် ကိစ္စတစ်ခုကြောင့် လူတိုင်း၏ အာရုံမှာ ပျံ့လွင့်နေကြပြီး သူတို့၏ အလုပ်တာဝန်များအပေါ်၌ပင် အာရုံမစိုက်နိုင်အောင် ဖြစ်နေရ၏။

ထိုကိစ္စစတင်ပုံမှာ အရှေ့ရှိလူတစ်ယောက်က ယန်မျင်ထျင်၏ လည်ပင်းပေါ်မှ အနီရောင်အမှတ်အသားများကို သတိထားမိခြင်းမှ စတင်လေသည်။ အံ့အားသင့်လွန်းသောကြောင့် သူတို့၏ ဆံပင်ဖြူများပင် အပေါ်သို့ ထောင်တက်သွားကာ အနောက်ရှိ လူများကို တီးတိုးပြောမိသွားသည်။

တစ်ယောက်မှ ဆယ်ယောက်၊ ဆယ်ယောက်မှ အယောက်တစ်ရာသို့ တစ်ဆင့်စကားပြောကြရင်း ထိုသတင်းမှာ အလျင်အမြန်ပင် မကြာမီ အုပ်ချုပ်ရေးနှင့် တပ်ပိုင်းအရာရှိများသို့ ပျံ့နှံ့သွား၍ ထိုအမှတ်အသားကို လှမ်းကြည့်လာကြ၏။ အနောက်ရှိ လူများက ရှင်းရှင်းလင်းလင်း မတွေ့မြင်ရသော်လည်း အလွန်ထူးဆန်းသည်ဟု ထင်မိကြဆဲ။

မနေ့က ဗိုလ်ချုပ်ယန်မှာ ထူးထူးခြားခြား ညီလာခံမတက်ဘဲ ပျက်ကွက်ခဲ့ပြီးနောက် ယနေ့တွင်မူ ယမန်နေ့ညက ချစ်စိတ်ပြင်းပြမှုအရှိန်အဟုန်၏ နောက်ဆက်တွဲအမှတ်အသားများဖြင့် ပေါ်ထွက်လာခဲ့သည်။ ဖြစ်ပုံမှာ သက်သေပြရန်ပင် မလိုတော့ပေ။

သို့သော်လည်း လူတိုင်းမှာ သူနှင့်အတူရှိခဲ့သည့်လူမှာ မည်သူဖြစ်မှန်း ခန့်မှန်းနေကြခြင်းပင်။

မိန်းကလေးတစ်ယောက်လည်း မဖြစ်နိုင်ချေ။ ကျောက်ယဲ့လန်မှာ သေချာပေါက် မိန်းကလေးတစ်ယောက်ကို စံအိမ်ထဲသို့ ဝင်ခွင့်ပြုမည် မဟုတ်ပေရာ။

သို့ဆိုလျှင် ကျောက်ယဲ့လန်နှင့်သာ ဖြစ်ရမည်။

ထိုသူနှစ်ယောက်မှာ လွန်ခဲ့သည့်ရက်ပိုင်းအလိုက လမ်းမထက်တွင် ပွေ့ဖက်ခဲ့သည်ဟုပင် သတင်းကြားခဲ့ရ၏။ အမှန်တကယ် မသင့်လျော်သည့်ကိစ္စပင်တည်း။ မျက်စိရှက်စရာပင်။

သို့ရာတွင် မည်သူကမျှ သူတို့ကို အပြစ်မရှာရဲ။

မကြာသေးခင်က ကျောက်ယဲ့လန်မှာ ကိစ္စကြီးအတော်များများကို ကိုင်တွယ်ခဲ့၍ ဧကရာဇ်၏ အနှစ်သက်ဆုံး ပြန်ဖြစ်လာရုံသာမက သာမန်အရပ်သားများထံမှလည်း များစွာ ချီးကျူးခံနေရသည်။ ထိုသူက သူတို့ရန်သွားစနိုင်သည့် လူမဟုတ်ပေ။

အီဗယ်လ်စတားဂျန်နရယ်Where stories live. Discover now