Chapter 42

632 99 2
                                    


(Unicode)

ရက်အနည်းငယ်ကြာပြီးနောက်တွင် ကိုယ်လုပ်တော်ရွေးချယ်ပွဲနေ့သို့ ကျရောက်လာ၍ နန်းတော်ရှိလူများမှာလည်း ထိပ်ဆုံးမှ အောက်ဆုံးအဆင့်ထိ အလုပ်များနေကြ၏။

ကျောက်ယဲ့လန်က စံအိမ်တွင်သာ နားနားနေနေ နေရင်း အသစ်ရောက်လာသည့် လိုင်ချီးသီးများကို အရသာခံနေသည်။

လိုင်ချီးသီးများက ရှာရခက်သည်။ မနေ့က တောင်ပိုင်းမှနေ၍ ပေကျင်းသို့ လာဆက်သရာ ဧကရာဇ်က ယန်မျင်ထျင်အပါအဝင် အလုပ်ကြိုးစားသည့် မင်းမှူထမ်းများကို ယနေ့မနက်တွင် ချီးမြှင့်ပေးလိုက်သည်။

ယန်မျင်ထျင်ကိုယ်တိုင်က ထိုအသီးများကို စားရခြင်းကို သဘောမတွေ့ပေ။ လိုင်ချီးသီးများကို နွှာရခြင်းက အချိန်ကုန်သည့်အပြင် လက်မှအရည်များကိုလည်း ဆေးကြောရသေး၍ အလုပ်ရှုပ်၏။

သို့သော်လည်း သူ တစ်ဖက်တွင် ထိုင်ရင်း ကျောက်ယဲ့လန် လိုင်ချီးသီးနွှာနေသည်ကို ကြည့်နေမိသည်။ ထိုလူ၏ သွယ်လျလျလက်များက လိုင်ချီးသီးကို အခွံခွာလိုက်သည့်အခါ အတွင်းမှ ပြည့်ဝိုင်းနေသည့် နူးညံ့ညံ့အသား ပေါ်လာသည်။ စိုစွတ်လှသည့် သစ်သီးရည်များက သူ့လက်ချောင်းပေါ်သို့ စီးကျလာပြီး သူ့လက်များ စေးကပ်လာသည့်အခါ လက်ဆေးရန်အတွက် ဘေးတွင် ရေဇလုံတစ်ခုလည်း ရှိနေ၏။

ထို့နောက် ထိုအသီးကို ပါးစပ်ထဲထည့်လိုက်သည့်အခါ နီရဲရဲနှုတ်ခမ်းသားများက စိုစွတ်လာလေဟန်ပင်။ ထွက်လာသည့် အစေ့မှာ လက်သည်းခွံအရွယ်အစားမျှသာ ရှိ၍ ချိုမြနေသည့် အရသာမှာ အနည်းငယ် တင်ကျန်ရစ်ခဲ့သည်။

ထိုသူမှာ ပတ်ဝန်းကျင်ကို အလျှင်း ဂရုမစိုက်ဘဲ တစ်လုံးပြီး တစ်လုံး ဆက်စားနေ၏။

ယန်မျင်ထျင်မှာ ထိုမြင်ကွင်းမှ ဆွဲဆောင်ခံလိုက်ရပြီးနောက် အနည်းငယ် သွားရည်ကျလာသည့်နှယ်။ ကျောက်ယဲ့လန် နောက်တစ်လုံး နွှာပြီးသည့်နောက်တွင် သူ အနားသို့ တိုးကပ်လိုက်ရင်း ထိုအသီးကို တစ်ကိုက်တည်းဖြင့် အကုန်ကိုက်ချလိုက်၏။

သူ့လက်ထဲရှိ နွှာပြီးသား လိုင်ချီးသီးမှာ ရုတ်တရက် ပျောက်ကွယ်သွားသောကြောင့် ကျောက်ယဲ့လန်၏ ပုံစံက လန့်ဖျပ်သွားသယောင်။ သူ့မျက်နှာက မှုန်မှိုင်းလာပြီး မကျေမနပ်ဖြင့်။ "မင်းမှာ လက်မပါဘူးလား"

အီဗယ်လ်စတားဂျန်နရယ်Where stories live. Discover now