Chapter 50

744 133 25
                                    


(Unicode)

ကျောက်ယဲ့လန် ထိုညတွင် မအိပ်ပျော်နိုင်ခဲ့။

သူ ပြီးခဲ့သည့် နှစ်ရက်အတွင်း အမှန်တကယ် အိပ်မပျော်နိုင်ခဲ့ခြင်း ဖြစ်သော်လည်း ယနေ့ညမှာ ထူးခြားနေသည်။ အရင်က သူ မျက်လုံးမှိတ်လိုက်သည့်အချိန်တွင် သူ့စိတ်က ရောက်တတ်ရာရာသို့ ပျံ့လွင့်နေသည့်တိုင် အမြန်အိပ်ပျော်ရန် မျှော်လင့်မိဆဲပင်။

သို့သော်လည်း ယနေ့ည၌ သူ့မျက်လုံးများကို ဖွင့်ထားလျက် ဘာတစ်ခုမှ မတွေးမိပေ။ သူ့စိတ်ကို ဗလာကျင်းနေအောင် ကြိုးစားနေမိပြီး အိပ်လည်း မအိပ်ချင်ချေ။

တချို့သောအကြောင်းရင်းကြောင့် ယန်မျင်ထျင်သည်လည်း အိပ်မပျော်ဟု သူ ခံစားရသည်။

သို့သော်ငြား သူလှည့်၍ မစစ်ဆေးမိ။ တစ်ဖက်လူက သူ့ကို စကားဆက်ပြောလာမည်ကို သူ စိုးရွံ့သည်။ တမင်ဖြစ်စေ မရည်ရွယ်၍ဖြစ်စေ တချို့စကားလုံးများက ယောက်ယက်ခတ်နေသည့် သူ့အတွေးများကို ရှုပ်ထွေးစေနိုင်၏။

အရုဏ်တက်ချိန်ရောက်လာချိန်တွင် ယန်မျင်ထျင်က အိပ်ရာထပြီး အခန်းထဲမှ တိုးတိုးတိတ်တိတ် ထွက်ခွာသွားကာ အပြင်ဘက်ရှိ အစေခံများ လှုပ်ရှားနေသည့် အသံများကို ကြားလိုက်ရသည်။

သူ ဖြည်းဖြည်းချင်း ထလိုက်၍ ပြတင်းပေါက်နားသို့ လျှောက်သွားလျက် ယန်မျင်ထျင်နှင့် ဇော်ရန်က အပေါက်ဝသို့ မြင်းများဖြင့် ဦးတည်နေကြသည်ကို မြင်တွေ့ရသည်။ အိမ်တော်ထိန်းကြီးချင်းနှင့် ဆွေးနွေးစရာရှိသည့် ကိစ္စများ ပြောဆိုပြီးနောက် သူ့ခေါင်းကို မော့ကာ အိပ်ခန်းဘက်သို့ ရုတ်တရက် လှမ်းကြည့်လာ၏။

ကျောက်ယဲ့လန် လန့်ဖျပ်သွားရကာ ဘေးသို့ အလိုလို ရှောင်မိသွားသည်။ အပြင်ဘက်ရှိ မြင်းခွာသံများ တိတ်ဆိတ်သွားခါမှ သူ နောက်ပြန်မလှည့်ဘဲ အိပ်ရာဆီသို့ ပြန်သွားကာ သူ့မျက်လုံးများကို တင်းကျပ်စွာ မှိတ်လိုက်မိသည်။

သူ ပြန်နိုးလာသည့်အချိန်တွင် မွန်းတည့်ချိန်ပင် ရောက်နေလေပြီ။ ထို့နောက် အအေးမိနေသည်ဟူသည့် အကြောင်းပြချက်ဖြင့် စာပေဌာနမှ သုံးရက်ခွင့်ယူလိုက်သည်။ မြက်ချိုအမွှေးအိတ်ကို ခါးတွင် ချိတ်ကာ အိမ်တွင် အနားယူရင်း တစ်ခါတစ်ခါ ချောင်းဆိုးနေမိ၏။

အီဗယ်လ်စတားဂျန်နရယ်Where stories live. Discover now