Chapter 35

437 89 5
                                    

(Unicode)

ကျောက်ယဲ့လန်က စံအိမ်သို့ ပြန်‌‌‌‌‌‌ရောက်ပြီးနောက်၌ အလွန်တိတ်ဆိတ်နေခဲ့သည်။ အစေခံတစ်ယောက်အမှားလုပ်သည်ကို မြင်ရပြီးသည့်အခါ၌လည်း အပြစ်တင်ခြင်းမပြုလာပေ။

"မင်း စိတ်ထဲမှာ ဘာကိစ္စရှိလို့လဲ" ယန်မျင်ထျင် သူ့ကို ကြည့်လေလေ တစ်ခုခုမှားယွင်းသလို ခံစားရလေလေ ဖြစ်ကာ ညစာစားပြီးနောက်တွင် ထိုသူနောက်သို့ စိုးရိမ်စွာ သူ လိုက်သွားမိခြင်းပင်။

ကျောက်ယဲ့လန်က သူ့ကို ကြည့်လာ၍ နောက်တစ်ခါ ကြည့်လိုက်ပြီးနောက် ခေါင်းခါပြ၏။

"ကိစ္စတစ်ခုခုတော့ ရှိရမယ်။ မင်း သက်ပြင်းချတာ သုံးခါတောင် ရှိပြီ" ယန်မျင်ထျင်က သူ့ဘေးတွင် ထိုင်ချလိုက်သည်။ "ဘာဖြစ်လို့လဲ။ လီကျင်ယွီ မလာမှာ စိုးရိမ်လို့လား။ ဒီနေ့ ပင်ပန်းလာလို့လား"

ကျောက်ယဲ့လန်က လက်တစ်ဖက်ကို စားပွဲပေါ်တွင် တင်လျက် ခေါင်းကို ထောက်လိုက်၏။ ထို့နောက် သူ့ကို မော့ကြည့်လာကာ ဆက်ကြည့်နေခဲ့သည်။ ထိုသူ၏ စေ့စေ့စပ်စပ်အကြည့်က ယန်မျင်ထျင်ကို ပို၍ပင် ပျာယာခတ်စေသည့်နှယ်။

"ဘာဖြစ်လို့လဲ" ယန်မျင်ထျင်က အနားသို့ တိုးရင်း မေးလာလေသည်။

ကျောက်ယဲ့လန်မျက်လုံးထဲရှိ စိတ်ခံစားချက်များက မသဲမကွဲဖြစ်နေသည့်ဟန်။ ပြီးမှ သူက ဖြည်းဖြည်းချင်း မေး၏။ "ယန်မျင်ထျင်၊ မင်း..."

"ငါက ဘာဖြစ်လဲ..."

"ဘာမှမဟုတ်တော့ဘူး" ကျောက်ယဲ့လန်က ခေါင်းကို တစ်ဖက်သို့ လှည့်သွားပြီး နားထင်ကို ဖိလျက်။ "နည်းနည်းပင်ပန်းနေလို့"

"ဒါဆို အိပ်ရာစောစောဝင်တော့။ ငါ အစေခံတစ်ယောက်ကို ရေနွေးလာပို့ခိုင်းလိုက်မယ်"

"ဒါပေမဲ့ နောက်ကျရင် လီကျင်ယွီ......"

"မင်းက ဘာကို ကြောက်နေတာလဲ။ သူ့ကို ဒီနေ့ မတွေ့ရရင် ထွက်ပြေးသွားမှာမလို့လား" ယန်မျင်ထျင်က လေသံဖျော့ဖျော့ဖြင့်။ "တော်တော်ပင်ပန်းနေတာဆိုတော့ စောစောအနားယူလိုက်တော့"

ကျောက်ယဲ့လန်က သူ့တိုက်တွန်းမှုကြောင့် အိပ်ရာဝင်လိုက်ရသော်ငြား အိပ်ရာပေါ်တွင် လှဲလိုက်စဉ် မအိပ်ပျော်ဘဲ ရှိနေ၏။

အီဗယ်လ်စတားဂျန်နရယ်Where stories live. Discover now