Chapter 49

703 135 3
                                    


(Unicode)

‌ယန်မျင်ထျင်က ကျောက်ယဲ့လန်ကို စူးစိုက်ကြည့်နေသည်။

ကျန်လူများကလည်း သူ့ထံ ကြည့်လာကြကာ ကျောက်ယဲ့လန်က မည်သို့သော လက်ဆောင်မျိုး ပြင်ဆင်ထားသည်ကို သိချင်နေကြဟန်ဖြင့်။

ကျောက်ယဲ့လန်က ခဏမျှ စဉ်းစားနေပြီးမှ ပြောလာခဲ့၏။ "စာကြည့်ခန်းဆီကို"

သူ့စကားဆုံးသည်နှင့် စားပွဲနှင့် ထိုင်ခုံများကို တွန်းတိုက်သံများကို ကြားလိုက်ရသည်။ ယန်မျင်ထျင်က စာကြည့်ခန်းသို့ အမြန်ပြေးထွက်သွားရင်း ခေါ်ဆွေးကျောင်းနှင့် ရှောင်ကောင်းကလည်း အနောက်မှ ကပ်လိုက်လာသည်။ ထိုစဉ် ဇော်ရန်က ဘေးပတ်လည်ကို ကြည့်လိုက်မိပြီးနောက် သူလည်း သိချင်လာရာ လိုက်သွားခဲ့တော့၏။

"......"

ခေတ္တအကြာတွင် ကျောက်ယဲ့လန်က စာကြည့်ခန်းထဲသို့ အေးအေးလူလူဖြင့် လမ်းလျှောက်ဝင်သွားပြီး ယန်မျင်ထျင်၏ အပျော်လွန်နေသည့် အသံထွက်လာသည်။ "ကြည့်ပါဦး။ ဒီတစ်ခုက ပေါက်လွင်းရဲ့ ပုံတူပန်းချီထက် အများကြီး ပိုမကြည့်ကောင်းဘူးလား"

စားပွဲခုံပေါ်ရှိ ဆန်စက္ကူတွင် ပေတံတစ်ချောင်းကို ဖိထားသည်။ မြင်းပေါ်တွင် ထိုင်လျက် ငန်းရိုင်းများကို လက်ထဲရှိ မြားဖြင့် ပစ်နေစဉ် ဆံနွယ်များ ပျံ့လွင့်နေသည့် လူပုံမှာ အသက်ဝင်လှသည်။

"ဟုတ်တယ်၊ ဟုတ်တယ်။ ဒီပန်းချီက တော်တော်လက်ရာကောင်းတာ။ အသက်ဝင်တယ်။ ဗိုလ်ချုပ် အမဲလိုက်တာကို သူ့မျက်လုံးနဲ့ ကိုယ်တိုင် မြင်တွေ့ခဲ့ရတဲ့အတိုင်းပဲ" ခေါ်ဆွေးကျောင်းက ကျောက်ယဲ့လန် ယန်မျင်ထျင်နှင့်အတူ အမဲလိုက်ကွင်းသို့ အတူဝင်ရောက်ခဲ့ဖူးသည့် အကြောင်းကို မသိဘဲ ချီးမွမ်းလာခြင်းပင်။

ရုတ်တရက် ထိုအကြောင်းက သူတို့နှစ်ယောက်ကြားရှိ လျှို့ဝှက်ချက်တစ်ခုနှယ်။ ယန်မျင်ထျင်က ကျောက်ယဲ့လန်ကို ပြုံးရွှင်စွာ ကြည့်လိုက်ကာ သူတို့နှစ်ယောက်၏ မျက်လုံးများက တဒင်္ဂမျှ ဆုံတွေ့သွားကြ၏။ ထို့နောက် ကျောက်ယဲ့လန်က ခေါင်းငုံ့လိုက်၍ ရှက်ရွံ့နေပုံဖြင့် အမြန် အကြည့်လွှဲသွားသည်။

အီဗယ်လ်စတားဂျန်နရယ်Where stories live. Discover now