Chapter 47

718 122 8
                                    

(Unicode)

အစက ဇော်ရန်မှာ လူချမ်းသာဝေါင်မိသားစုရှိ ကိုယ်ရံတော်ခေါင်းဆောင်၏ သမီးပင်။ ငယ်ငယ်လေးကတည်းက ဖခင်ဖြစ်သူ၏ ခြေရာအတိုင်း လိုက်၍ ကိုယ်ခံပညာကို သင်ယူခဲ့ကာ ဝေါင်သခင်လေးနှင့်အတူ ကြီးပြင်းလာခဲ့သည်။ သို့သော်လည်း ဝေါင်သခင်လေးက သူ့အိမ်တော်ရှိ အစေခံမိန်းကလေးဖြစ်သူကိုမှ ချစ်မိသွားခဲ့၏။ သခင်မကြီးမှာ အလွန်ဒေါသထွက်ပြီး သူ့ကို စေ့စပ်ထားသည့် မိန်းကလေးဖြစ်သူနှင့် တတ်နိုင်သမျှ မြန်မြန် လက်ထပ်စေရန် ကြိုးပမ်းခဲ့၍ ဇော်ရန်ကို ကိုယ်လုပ်တော်အဖြစ် ထားရန် စီစဉ်ခဲ့လေသည်။

ထိုကိစ္စကို ကိုယ်လုပ်တော်တစ်ယောက်၏ သမီးဖြစ်သူ၊ ယင်ဖျင်လု သိသွားခဲ့သည်။ ထိုမိန်းကလေးက တည်ငြိမ်စွာပင် စေ့စပ်ကြောင်းလမ်းခြင်းကို ဖျက်သိမ်းချင်ကြောင်း စာတစ်စောင် ပေးပို့ခဲ့သော်လည်း ဖခင်ဖြစ်သူရာဇဝတ်တရားသူကြီးက ပိတ်ဆို့ဟန့်တားခဲ့၏။

ထို့နောက် ဝေါင်သခင်လေးထံတွင် ကံဆိုးမိုးမှောင်ကျသည့် အဖြစ်ဆိုးတစ်ခု ကြုံတွေ့ခဲ့ရသည်။ အမှန်တွင် အစေခံမိန်းကလေးက သူ့အဖေဖြစ်သူအတွက် လက်စားချေရန် သူ့ကို ချဉ်းကပ်လာခဲ့ခြင်းဖြစ်ပြီး ထိုနှစ်ယောက်လုံးက အတူသေဆုံးသွားခဲ့သည်။ ထိုအခါ သခင်မကြီးက ဇော်ရန်၏ ဖခင်ဖြစ်သူကိုလည်း အရည်အချင်းညံ့ဖျင်းသည်ဟု မာန်မဲပြောဆိုကာ ကွပ်မျက်ခဲ့၏။

ရာဇဝတ်တရားသူကြီးက လက်ထပ်ပွဲကို ဖျက်သိမ်းလိုက်သော်လည်း အငြိမ်မနေပေ။ ယင်ဖျင်လုကို အသက်ငါးဆယ်ကျော်အရွယ်ရှိသည့် မင်းမှုထမ်းတစ်ယောက်နှင့် လက်ထပ်ပေးရန် ကြံစည်ခဲ့သည်။

ယင်ဖျင်လုက ထိုကဲ့သို့ အာဏာလုပွဲအကြားတွင် မြေစာပင် ဖြစ်ကာ ကျန်သည့် သူ့ဘဝတစ်လျှောက်လုံး အမြတ်မထုတ်ခံရချင်သည်နှင့် သူ့ပစ္စည်းများကို ထုတ်ပိုးလျက် ထွက်ပြေးရန် စီစဉ်တော့သည်။

သို့သော်ငြား မြို့ဂိတ်ဝအရောက်တွင် ဇော်ရန်နှင့် တိုး၏။ တစ်ဖက်လူက သူ့ကို ဖမ်းဆီးလိမ့်မည်ဟု ထင်ခဲ့သည့်တိုင် မမျှော်လင့်စွာပင် ထိုမိန်းကလေးက ဝေါယာဉ်ပေါ်သို့ အရင်ဝင်လာထိုင်ကာ မြင်းကို အသော့နှင်လိုက်ရင်း။ “ငါ့မှာ အိမ်မရှိတော့ဘူး…နင့်မှာ ပိုက်ဆံလုံလုံလောက်လောက် ပါလာတယ်မလား။ ငါ့ကို ဂရုစိုက်ပေးမယ်ဆိုရင် ငါလည်း နင့်ကို အမြဲတမ်း ကာကွယ်ပေးမယ်”

အီဗယ်လ်စတားဂျန်နရယ်Where stories live. Discover now