Chapter 44

709 118 4
                                    

(Unicode)

ယန်မျင်ထျင်က အကောင်းဆုံး ဖုံးကွယ်ရန် ကြိုးစားနေသည့် သူ့မျက်နှာကို မြင်ရသော်လည်း သူ့ခန့်မှန်းချက် မှန်ကန်ကြောင်း သိလိုက်သည်။

လောကသိနာမည်ကို မိဘများ၊ လူကြီးများ သို့မဟုတ် ဘုန်းတော်ကြီးများက ရွေးချယ်ပေးသင့်သည်။ သို့သော်ငြား ကျောက်ယဲ့လန်၏ မိဘများမှာ အစောပိုင်းနှစ်များကပင် သေဆုံးသွားခဲ့ပြီဖြစ်ရာ ကျောက်ရွှမ်းက သူ့အတွက် ထိုနာမည်ကို ရွေးချယ်ပေးခဲ့သည်မှာ အဖြစ်နိုင်ဆုံးပင်။

အစက ကျောက်ရွှမ်း၏ နှုတ်ခမ်းဝမှ "မုန့်ထျင်" ဆိုသည့် နာမည်ကို ကြားရချိန်တွင် မဖော်ပြနိုင်သည့် ရင်းနှီးမှုတစ်မျိုးကို သူ ခံစားရသည်။ သို့တိုင် ပြန်လည်ဆန်းစစ်ကြည့်ပြီးသည့်အခါ ကျောက်ယဲ့လန်၏ အမူအရာက မူမမှန်ကြောင်း သူ သတိထားမိသွား၏။ ထိုနာမည်ကို ကြားလိုက်ရစဉ် ကျောက်ယဲ့လန်မှာ အံ့အားသင့်သွားပြီး သူ့မျက်နှာထားကလည်း မခန့်မှန်းနိုင်လောက်အောင် ပြောင်းလဲသွားခဲ့လေသည်။

ထို့နောက် လေ့ကျင့်ရေးတွင်းတွင် သူ ကျောက်ယဲ့လန်ကို ကျောက်ရွှမ်းက သူ့ကို မုန့်ထျင်ဟု ခေါ်ရသည့် အကြောင်းရင်းကို မေးမြန်းကြည့်သေးသည်။

ကျောက်ယဲ့လန်က လောကသိနာမည်ဖြစ်ကြောင်းသာ ပြန်ဖြေခဲ့၏။

ယန်မျင်ထျင် လမ်းတစ်လျှောက်လုံး ကျောက်ယဲ့လန်ကို ထိုနာမည်သာ ခေါ်ခဲ့ပြီး သူ ခေါ်လိုက်တိုင်း ကျောက်ယဲ့လန်၏ ပုံစံက စိတ်ရှုပ်သွားသည့်ပုံဖြင့်။ အိမ်တော်ထိန်းကြီးချင်း၏ အရှေ့တွင် သူ မုန့်ထျင်ဟု ခေါ်လိုက်သည့်အခါမှ ကျောက်ယဲ့လန်က အပြင်လူများ၏ ရှေ့တွင် ထိုနာမည်ကို မခေါ်စေချင်သည့်နှယ် စိတ်ဆိုးဒေါသထွက်သွားတော့သည်။

သို့နှင့် သူလည်း တခြားသူရှေ့တွင် ထိုနာမည်ကို မခေါ်ဖြစ်တော့ဘဲ သူတို့နှစ်ယောက်တည်း အတူရှိနေသည့် ရံဖန်ရံခါမှသာ စနောက်သည့် သဘောဖြင့် လှမ်းခေါ်ဖြစ်သည်။

သူ့နာမည်က ကလေးဘဝကတည်းက ပြောင်းလဲခဲ့ခြင်းဖြစ်ကာ အထက်တန်းလွှာမှူးမတ်တစ်ဦး ဖြစ်လာခဲ့သော်လည်း ကျောက်အိမ်တော်တွင် ဘိုးဘေးဘီဘင်များကို ပူဇော်ကန်တော့သည့် ဘိုးဘေးဗိမာန်လည်း မရှိပေ။ သူ ခပ်ရေးရေး ခန့်မှန်းမိသော်လည်း ကျောက်မုန့်ထျင်ဆိုသည့် နာမည်နောက်တွင် မည်သို့ဘဝဇာတ်လမ်းမျိုးကို ဖုံးအုပ်ထားမှန်း နှိုက်နှိုက်ချွတ်ချွတ် မရှာဖွေချင်ပေ။

အီဗယ်လ်စတားဂျန်နရယ်Where stories live. Discover now