(Unicode)
လမ်းများမှာ လှုပ်ရှားသွားလာသူများဖြင့် သက်ဝင်နေပြီး ဈေးဆိုင်ငယ်များနှင့် ကုန်ဆိုင်ငယ်လေးများ၏ ပိုင်ရှင်များမှာလည်း နှုတ်ရေးချိုစွာ ရောင်းဝယ်ဖောက်ကားနေသည်။ ဆိုင်ရှင်များမှာ မိန်းကလေးများကို မြင်တွေ့သည့်အချိန်တွင် မြှောက်ပင့်စကားအနည်းငယ် ဆိုလိုက်သည်နှင့် ကျောက်မျက်ရတနာများ၊ ဆံထိုးများနှင့် ပိုးသားလက်ကိုင်ပဝါများစွာကို ရောင်းချရတတ်၏။
"ဒီရက်ပိုင်းတော်တော်ရှုပ်ယှက်ခတ်နေတာ" ယန်မျင်ထျင်က သူ့ကို စံအိမ်သို့ ပြန်ခေါ်သွားပြီး စိတ်ပူစွာ ဆိုလိုက်သည်။ "လူတွေအများကြီးဆိုတော့ မတော်တဆဖြစ်ဖို့လည်း လွယ်တယ်"
သူ ပြောပြီးပြီးချင်း အဝေးမှ အမျိုးသမီးတစ်ယောက်၏ အော်သံထွက်လာသည်။ "ကယ်ကြပါဦးရှင့်၊ ဒီမှာ သူခိုး၊ သူခိုး"
ယန်မျင်ထျင်က ချက်ချင်း ပြေးသွားလိုက်၍ အစေခံကောင်မလေးက မိန်းကလေးငယ်လေးတစ်ယောက်ကို ကူပေးထားသည်ကို မြင်လိုက်ရသည်။ ထိုမိန်းကလေးက လူအုပ်ထဲရှိ သံသယဖြစ်ဖွယ်လူတစ်ယောက်ကို လက်ညှိုးထိုးပြလေသည်။
သူ စကားတစ်ခွန်းမဆိုဘဲ လူအုပ်ထဲသို့ တိုးဝင်သွားလိုက်ကာ ထိုလူကို မြေပြင်ပေါ်သို့ ဆွဲလှဲချလိုက်၏။ ပြီးမှ သူ့ခန္ဓာကို ဖွဖွပုတ်လျက် ပျိုးနီပန်းပုံစံထိုးထားသည့် ပိုက်ဆံအိတ်တစ်လုံးကို ယူထုတ်လိုက်သည်။ ကံကောင်းစွာဖြင့် ဖြတ်သန်းသွားလာသည့် အရာရှိများနှင့် တပ်သားများရှိလေရာ သူ ထိုလူကို တာဝန်ရှိသူထံ လွှဲပြောင်းပေးလိုက်ပြီး ပိုက်ဆံအိတ်ကို ကိုင်၍ ပြန်လျှောက်လာခဲ့သည်။
"ဒီပိုက်ဆံအိတ်က မင်းဟာလား"
"ဟုတ်ကဲ့၊ ဟုတ်ပါတယ်" အစေခံကောင်မလေးက ပျော်ရွှင်စွာ လှမ်းယူလိုက်သည်။
ထိုမိန်းကလေးက ခေါင်းမော့လိုက်ရင်း ယန်မျင်ထျင်၏ မျက်နှာကို သေချာမြင်တွေ့ရစဉ် သူ တစ်ခဏမျှ အံ့အားသင့်သွားရ၏။ သူ့ပါးပြင်နှစ်ဖက်မှာ နီမြန်းလာရပြီး ဦးညွှတ်လိုက်၍။ "သခင်လေးကို ကျေးဇူးတင်ပါတယ်။ သခင်လေးရဲ့ နာမည်ကို မေးကြည့်ပါရစေ။ ဒါမှ နောက်တစ်နေ့ကျ ကျွန်မလာပြီး သေချာကျေးဇူးတင်နိုင်အောင်ပါ"
YOU ARE READING
အီဗယ်လ်စတားဂျန်နရယ်
Humorမီယမ်မာထရန်စလေးရှင်း Update schedule - 3/4 ရက်ခြားတစ်ခါတင်ပါတယ်။ Genre - Comedy, Romance, Yaoi Total Ch - 92 Ch + 13 extra အော်သာ - ကုစန်းယွဲ့