Chapter 25

529 93 8
                                    

(Unicode)

ဟွေချွင်းအဆောက်အအုံမှာ ပုံမှန်အတိုင်း စည်ကားသိုက်မြိုက်စွာ ရှိနေရာ ဝင်ဝမှာပင် လူများနှင့် ဧည့်သည်တော်များဖြင့် ပြည့်နှက်နေလျက်။ သို့ပေတည့် ဒုတိယထပ်ရှိ သီးသန့်ခန်းမှာမူ အလွန်ပင် တိတ်ဆိတ်နေခဲ့၏။

သူတို့သွားခဲ့သည့် လမ်းတစ်လျှောက်လုံးတွင် ကျောက်ယဲ့လန်က ဘာတစ်ခွန်းမှ မပြောဘဲ စားသောက်ဆိုင်အတွင်းသို့ ဝင်လာကာ တိတ်တဆိတ် စားသောက်နေသည်။ သို့တိုင် ထိုတိတ်ဆိတ်မှုကြောင့် ဤလူစုမှာ သူတို့အထင် မှန်နေပြီဟု တွေးထင်မိကြကုန်သည်။

အကုန်လုံးက ယန်မျင်ထျင်ကို သတိထားကြည့်ပြီးနောက် သူ့ခေါင်းထိပ်ကို မော့ကြည့်ကာ ဗိုလ်ချုပ်ခေါင်းပေါ်၌ ပေါ်လွင်ထင်ရှားနေသည့် ဦးထုပ်စိမ်းတစ်လုံး ပျောက်ဆုံးနေသည်ဟု ခံစားမိကြ၏။

ယန်မျင်ထျင်က စိတ်ဓာတ်ကျဆင်းနေသည့်ဟန်ဖြင့် ပန်းကန်ပေါ်ရှိ အစာများကို တို့ကနန်းဆိတ်ကနန်း လုပ်နေရင်း အချိန်အတော်ကြာအောင် သေချာမစားသောက်နိုင်ဘဲ ရှိနေသည်။

"အစာကို သေချာစားလို့မရဘူးလား" ကျောက်ယဲ့လန်၏ အမေးစကားက ပုံမှန်အတိုင်းပင် အေးတိအေးစက်ဖြင့်။

ယန်မျင်ထျင်က သက်ပြင်းရှည်ကြီးတစ်ခုကို ချ၍ တူဖြင့် ကောက်ယူလိုက်သော်လည်း ချက်ချင်းပင် ခေါင်းငုံ့သွားလျက် ထပ်မံ သက်ပြင်းချလိုက်ပြန်သည်။

ကျောက်ယဲ့လန်က သူ့ခြေသလုံးကို လှမ်းကန်လိုက်ပြီး စိတ်မရှည်စွာ ဆို၏။ "တော်သင့်ပြီ။ သူက ငါ မျက်စိကျနေတဲ့..."

"မျက်စိကျနေတယ်"

"နယ်ရုပ်တစ်ရုပ်"

"အိုး" ယန်မျင်ထျင်က မှိုင်တွေညှိုးငယ်စွာဖြင့် တစ်လုတ်စားလိုက်သည်။ "သူက ဘာများထူးခြားလို့လဲ"

ကျောက်ယဲ့လန်က သူ့ကို ခဏမျှ ကြည့်လာရင်း ပြန်ဖြေသည်။ "ငါ သတိထားမိတာတော့ သူက စားချင်သောက်ချင်စိတ်ရှိပြီး စားစရာရှိတာကို မြန်မြန်စားတယ်"

"မဖြစ်နိုင်တာ။ ဘယ်သူကများ ငါ့ထက် ပိုစားနိုင်မှာလဲ။ ငါ့လောက်ရော မြန်လို့လား" ယန်မျင်ထျင်က ပန်းကန်လုံးနှင့်တူကို မယူလိုက်ပြီး အစာကို ပါးစပ်ထဲ ထိုးသွတ်လေတော့သည်။

အီဗယ်လ်စတားဂျန်နရယ်Where stories live. Discover now