Chapter 33

802 120 2
                                    

(Unicode)

ကျောက်ယဲ့လန်က ယန်မျင်ထျင်နှင့် အိမ်တော်ထိန်းကြီးချင်းကို ကျန်ညတစ်ညလုံး လျစ်လျူရှုခဲ့လေသည်။ ထို့နောက် မနက်ခင်း သူ အိပ်၍ မပျော့်တပျော်အချိန်တွင် လူတစ်ယောက်က "မုန့်ထျင်၊ ငါ ညီလာခံသွားတော့မယ်" ဟု ပြောလိုက်သံကို ကြားလိုက်ရ၏။

သူ ငိုက်မျဉ်းစွာပင် လူးလှိမ့်လိုက်ရင်း ဆက်အိပ်လိုက်သည်။

ထိုနေ့မနက်က သူ တော်ဝင်စာသင်ကျောင်းသို့ ရောက်သည့်အခိုက် ပတ်ဝန်းကျင်လေထုမှာ အတော်အတန် သက်ဝင်လှုပ်ရှားနေသည်ပင်။ ယနေ့မှာ စာသင်သားသစ်များ ရောက်ရှိလာမည့် ပထမဆုံးနေ့ဖြစ်ပေသည်။ တော်ဝင်စာသင်ကျောင်း၌ ဆဋ္ဌမအဆင့်စာတည်းဖြစ်လာသည့် ဝေါင်ကွေ့ရှန်းမှလွဲပြီး တခြားလူများက သတ္တမဆင့်စာတည်းများအဖြစ် အသီးသီးတာဝန်ကျ၏။

တစ်နည်းအားဖြင့်ဆိုရလျှင် ဝေါင်ကွေ့ရှန်း၏ လက်ရှိရာထူးက ကျောက်ယဲ့လန်နှင့် လွမ်ရှန်းထက် ပိုမြင့်သည်။

သူတို့နှင့် သက်တူရွယ်တူမျှ ရှိသည့် လွမ်ရှန်းက လူတိုင်းကို စိတ်အားထက်သန်စွာဖြင့် ကြိုဆိုနှုတ်ဆက်နေလျက်။ သို့နှင့် မကြာမီ၌ပင် သူတို့နှင့် ခင်မင်ရင်းနှီးလာကာ ညီအစ်ကိုသဖွယ် ပြောဆိုဆက်ဆံကြတော့သည်။

တချို့လူများက သူတို့၏ အနာဂတ်အသက်မွေးလမ်းကြောင်းအတွက်ပင် မျှော်လင့်စောင့်စားနေကြလေပြီ။ "လွမ်ရှုန်း၊ ဧကရာဇ်က ဒီနေရာကို အလေးပေးရဲ့လား"

"သေချာတာပေါ့" လွမ်ရှန်းက ပြုံးပြုံးနှင့် ခေါင်းညိတ်ပြ၏။ "ငါတို့က ညီလာခံကို သွားစရာမလိုပေမဲ့ ဧကရာဇ်က မှတ်တမ်းမှတ်ရာတွေ မူကြမ်းရေးဖို့အတွက် ငါတို့ကို ခဏခဏ ဆင့်ခေါ်တယ်။ အရေးကြီးကိစ္စတစ်ခုခု ဆွေးနွေးခွင့်ရတာနဲ့ မင်းရဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို ထုတ်ပြနိုင်ပြီလေ"

"ကောင်းလိုက်တာ။ ဒါဆိုရင် ကျွန်တော်တို့မှာ ဧကရာဇ်ကို ဖူးတွေ့ဖို့ အခွင့်အရေးတွေ အများကြီးရမှာလား"

"မင်းက ဟန့်လင်စာတည်းလား၊ ကိုယ်လုပ်တော်လား" ဝေါင်ကွေ့ရှန်းက မမျှော်လင့်စွာပင် အထင်အမြင်သေးသည့်ပုံဖြင့် ဝင်ဖြေလာခဲ့သည်။ "ဘာလို့ ဧကရာဇ်ကိုပဲ ဒီလောက်ဖူးတွေ့ချင်နေတာလဲ။ မင်းရဲ့ အလုပ်ကိုပဲ ကောင်းကောင်းလုပ်သင့်တာ မဟုတ်ဘူးလား"

အီဗယ်လ်စတားဂျန်နရယ်Where stories live. Discover now