Chapter 58

338 88 4
                                    

(Unicode)

အုပ်ချုပ်ရေးမှူးရုံးမှာ တောက်ပထွန်းလင်းပြီး ဆူညံနေကြရာ ဘေးပတ်လည်ရှိ လူများက အထိတ်တလန့် ဖြစ်သွားကြ၏။ သို့နှင့် သူတို့အကုန်လုံးလည်း လက်ရှိအခြေအနေကို ကြည့်ရန် ဂိတ်ဝသို့ ပြေးလာကြသည်။

အရာရှိဝတ်ရုံဖြင့် အုပ်ချုပ်ရေးမှူးယင်က ဝင်ဝဧည့်ခန်းသို့ ရေးကြီးသုတ်ပျာ ပြေးထွက်လာခဲ့သည်။ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသည့် ဒဏ်ရာရလူသတ်သမားများကို တွေ့လိုက်ရစဉ် အံ့ဩသွားရသောကြောင့် သူ့ခြေထောက်ပင် ယိုင်သွားလုနီးပါး။ သူ့ကိုယ်နေဟန်ထားကို ပြန်ထိန်းလိုက်ရင်း ဝင်ဝဧည့်ခန်းတွင် ရပ်နေသည့် ယန်မျင်ထျင်ကို ကြည့်လျက် မေးကြည့်လိုက်မိသည်။ "ဗိုလ်ချုပ်ယန်, ဒါတွေက ဘယ်သူများလဲ"

"အုပ်ချုပ်ရေးမှူးယင်လည်း ငတုံးဟန်ဆောင်နေတာ ရပ်သင့်ပြီ" ယန်မျင်ထျင်က အေးစက်စွာ ဆိုလာ၏။

"ဗိုလ်ချုပ်ယန် ဘာကို ပြောချင်မှန်း ကျွန်တော် နားမလည်ပါဘူး"

"သေချာပေါက် မင်း ခဏနေကျရင် နားလည်သွားလိမ့်မယ်။ ဒီအမှုကို ဖြေရှင်းဖို့ တော်ဝင်အထောက်တော် ရောက်လာတာကိုပဲ စောင့်ကြည့်ကြတာပေါ့" ယန်မျင်ထျင်က သူ့ဘေးရှိ ထိုင်ခုံတွင် အေးအေးလူလူ ထိုင်ချလိုက်ပြီး သူ့ကို သားကောင်တစ်ကောင်အား စိုက်ကြည့်နေသည့်နှယ် စူးစူးစိုက်စိုက် ကြည့်လာခဲ့သည်။

အုပ်ချုပ်ရေးမှူးယင်မှာ ချွေးစေးများ ထွက်လာမိ၍ ကြမ်းပြင်ပေါ်ရှိ အသက်ရှူနေသေးသော်လည်း နာကျင်စွာ ညည်းညူနေသည့် လုပ်ကြံသတ်ဖြတ်သူများကို ငုံ့ကြည့်လိုက်မိသည်။ ထိုသူတို့မှာ အသက်ရှင်နေသေးသော်လည်း သူတို့ဘဝနှင့် သေခြင်းတရားနှစ်ခုလုံးမှ မလွတ်မြောက်နိုင်ပေ။

အခြေအနေက တစ်ခုခုမှားယွင်းနေကြောင်း သူ ခံစားရကာ လက်ဖဝါးများမှ ချွေးစေးများ စထွက်လာတော့သည်။

ထင်ရှားစွာပင် ယန်မျင်ထျင်မှာ "ကျောက်ယဲ့လန်"နှင့် ဆက်ဆံရေးကောင်းမရှိချေ။ သို့ဖြစ်ရာ ထိုသူက ဘာကြောင့်များ သူ့ကို ကယ်တင်ရန် အပြေးအလွှား သွားရောက်ခဲ့သည်လဲ။

အီဗယ်လ်စတားဂျန်နရယ်Where stories live. Discover now