(Unicode)
လေထုအခြေအနေမှာ အနည်းငယ် တင်းမာနေသယောင်။
သူတို့နှစ်ယောက်သား အချိန်အတော်ကြာ မျက်လုံးချင်းဆုံကြည့်နေပြီးမှ ယန်မျင်ထျင်က အတန်ငယ် အံ့အားသင့်စွာဖြင့် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ "မင်းလိုမျိုး သိက္ခာရှိတဲ့ လူတစ်ယောက်က ဒီလိုစာအုပ်မျိုးတွေကို ခိုးသိမ်းထားမယ်လို့ မထင်ထားဘူး"
ကျောက်ယဲ့လန်က ဒေါသထွက်ဟန် မျက်မှောင်ကြုတ်လိုက်သည်။ "ဘာတွေေလျှောက်ပြောနေတာလဲ။ ဘယ်သူက အဲဒါကို သိမ်းထားလို့လဲ။ ငါ မြင်ရသလောက်တော့ မင်းကမှ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ဒီလိုညစ်ညမ်းတဲ့ ရုပ်ပြစာအုပ်တွေကို ပြင်ဆင်ထားတာ။ မင်းဟာတွေမင်းယူပြီး ထွက်သွားစမ်း"
ယန်မျင်ထျင်က ရိုးသားစွာ ခုခံပြောဆိုလာ၏။ "မင်း သိမ်းထားတာလည်း မဟုတ်ဘူး၊ ငါ ထားထားတာလည်း မဟုတ်ဘူးဆိုရင် ဒီဟာက ဘယ်ကနေ ရောက်လာတာလဲ"
ကျောက်ယဲ့လန်က သူ့ကို မသင်္ကာသလို ကြည့်နေပြီးမှ နောက်ထပ် အတွေးပေါ်လာကာ ပြောဆိုလေသည်။ "အိမ်တော်ထိန်းချင်းကို ဒီကို ခေါ်လိုက်"
တစ်ခဏမျှ ကြာပြီးနောက် အိမ်တော်ထိန်းကြီးချင်းမှာ အခန်းထဲသို့ နားမလည်သည့် ပုံစံဖြင့် ဝင်ရောက်လာသည်။ "အရှင်၊ ကျွန်တော့်ကို ခေါ်လိုက်တာပါလား"
"ဒါတွေက ဘယ်ကရောက်လာတာလဲ" ကျောက်ယဲ့လန်က ထိုရုပ်ပြစာအုပ်ကို သူ့ရှေ့ပစ်ချလိုက်၏။
အိမ်တော်ထိန်းကြီးချင်းက ကောက်ယူလိုက်ရင်း ပြန်ဖြေသည်။ "ကျွန်တော် ပြင်ဆင်ခဲ့တာပါ"
သူတို့နှစ်ယောက်မှာ အချင်းချင်း အကြည့်ဖလှယ်လိုက်ကြသည်။ ကျောက်ယဲ့လန်က ပေါက်ကွဲထွက်တော့မည်ကို ယန်မျင်ထျင် သတိထားမိရာ အိမ်တော်ထိန်းကြီးချင်းရှေ့သို့ အမြန် လျှောက်သွားလိုက်ပြီး ဒေါသထွက်သည့်ဟန်ဖြင့် ဟိန်းဟောက်လိုက်မိသည်။
"ဦးလေးချင်း၊ ကျွန်တော် ဦးလေးကို ဒီလိုလုပ်ဖို့ မပြောထားပါဘူး။ ကျွန်တော်တို့က ဒီလိုစာအုပ်မျိုးကို မလိုဘူး။ မြန်မြန်သွားပြီး လွှင့်ပစ်လိုက်တော့၊ သွား၊ သွား"
![](https://img.wattpad.com/cover/334819167-288-k700234.jpg)
YOU ARE READING
အီဗယ်လ်စတားဂျန်နရယ်
Юморမီယမ်မာထရန်စလေးရှင်း Genre - Comedy, Romance, Yaoi Total Ch - 92 Ch + 13 extra အော်သာ - ကုစန်းယွဲ့