Description

12.4K 353 9
                                    

(Unicode)

ကျောက်ယဲ့လန်က စစ်ကျွန်တစ်ယောက်အဖြစ် မွေးဖွားခဲ့ကာ တတိယမင်းသား၏ ကယ်တင်ပေးခြင်းကို ခံခဲ့ရသည်။ မင်းသားအား ထီးနန်းတင်ရန် နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ပြီးသည့်နောက်တွင် ကျောက်ယဲ့လန်က လူတိုင်း ရွံရှာကြသည့် အမတ်ချုပ်တစ်ဦးဖြစ်လာသော်လည်း အမှန်တကယ်တွင် သူက ထျန်းရှ၏ ကြယ်ပွင့်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ယန်မျင်ထျင်နှင့် လက်ထပ်ခဲ့ရပြန်သည်။

ထိုဗိုလ်ချုပ်က သူ့ဖခင်၊ သူ့မိခင်၊ သူ့ဇနီးနှင့် သူ့ခွေးလေးတို့ကို သေစေခဲ့၏။ လူတိုင်းက ထိုဗိုလ်ချုပ်ကို ကျောက်ယဲ့လန်အား အမြန်သတ်ပစ်စေချင်ခဲ့ကြသည်။

မင်္ဂလာဆောင်သည့် ညတွင် အနီရောင်ဝတ်ဆင်ထားသည့် ကျောက်ယဲ့လန်က ဓားမြှောင်တစ်ချောင်းကို ထုတ်ယူလိုက်ပြီး သူ့မျက်လုံးများက စူးရှနေခဲ့သည်။ "မင်းဘာလိုချင်လို့လဲ"

ယန်မျင်ထျင်က သူ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း ခုတင်ခေါင်းရင်းတွင် စာလုံးခပ်ကြီးကြီးကို ထုထွင်းသည်။ - - စောစောထ။

"မင်းက အားနည်းပြီး ပျော့ညံ့နေတာပဲ။ မနက်စောစောထပြီး ငါနဲ့ မြင်းစီးလေ့ကျင့်ချည်"

"?"

အရပ်သားများက ဤလက်ထပ်ပွဲမှာ အမှန်ပင် အံ့ဩစရာကောင်းသည်ဟု ထင်ကြ၏။

အမတ်ချုပ်ကြီးက နေ့တိုင်း အရိုက်နှက်ခံရသည်ဟု သူတို့ကြားမိသည်။ သူက အိမ်တော်ရေယိုသည့်အခါ အမိုးဖာရပြီး မီးဖိုချောင်တွင်လည်း အလုပ်လုပ်ရသည်။ ထိုသူက ခင်ပွန်းသည်ကို ပြုစုရကာ အလွန်ပင် နာခံမှုရှိပြီး အခြားလူများကို အပြစ်ပင် မတင်ဝံ့တော့ချေ။

ဟေး၊ ဗိုလ်ချုပ်က တော်တော်ကြောက်စရာကောင်းတာပဲ။

အိပ်ရာပေါ်တွင် ပျင်းရိစွာထိုင်ရင်း ဓားမြှောင်နှင့် ကစားနေသည့် ကျောက်ယဲ့လန်က သူ့မျက်လုံးကို အနည်းငယ် ပင့်လိုက်၏။ "ဒီကောလာဟလတွေက ဘယ်က ထွက်လာတာလဲ"

"ငါ့ခွေးရဲ့ ပါးစပ်က" မြင်းစီးနေသည့် ဟန်ပန်နှင့် ယန်မျင်ထျင်က သူ့ပေါင်ကို ပုတ်သည်။ "မဒမ်၊ လေးစားစွာနဲ့ ဒီခုံနေရာကို ပေးပါတယ်။ မနက်ဖြန် မနက် စောစောထစရာမလိုပါဘူး"


(Zawgyi)

ေက်ာက္ယဲ့လန္က စစ္ကြၽန္တစ္ေယာက္အျဖစ္ ေမြးဖြားခဲ့ကာ တတိယမင္းသား၏ ကယ္တင္ေပးျခင္းကို ခံခဲ့ရသည္။ မင္းသားအား ထီးနန္းတင္ရန္ ႏွစ္ေပါင္းမ်ားစြာ ႀကိဳးစားအားထုတ္ၿပီးသည့္ေနာက္တြင္ ေက်ာက္ယဲ့လန္က လူတိုင္း ႐ြံရွာၾကသည့္ အမတ္ခ်ဳပ္တစ္ဦးျဖစ္လာေသာ္လည္း အမွန္တကယ္တြင္ သူက ထ်န္းရွ၏ ၾကယ္ပြင့္တစ္ဦးျဖစ္သူ ဗိုလ္ခ်ဳပ္ယန္မ်င္ထ်င္ႏွင့္ လက္ထပ္ခဲ့ရျပန္သည္။

ထိုဗိုလ္ခ်ဳပ္က သူ႔ဖခင္၊ သူ႔မိခင္၊ သူ႔ဇနီးႏွင့္ သူ႔ေခြးေလးတို႔ကို ေသေစခဲ့၏။ လူတိုင္းက ထိုဗိုလ္ခ်ဳပ္ကို ေက်ာက္ယဲ့လန္အား အျမန္သတ္ပစ္ေစခ်င္ခဲ့ၾကသည္။

မဂၤလာေဆာင္သည့္ ညတြင္ အနီေရာင္ဝတ္ဆင္ထားသည့္ ေက်ာက္ယဲ့လန္က ဓားေျမႇာင္တစ္ေခ်ာင္းကို ထုတ္ယူလိုက္ၿပီး သူ႔မ်က္လုံးမ်ားက စူးရွေနခဲ့သည္။ "မင္းဘာလိုခ်င္လို႔လဲ"

ယန္မ်င္ထ်င္က သူ႔လက္ကို တင္းက်ပ္စြာ ဆုပ္ကိုင္ရင္း ခုတင္ေခါင္းရင္းတြင္ စာလုံးခပ္ႀကီးႀကီးကို ထုထြင္းသည္။ - - ေစာေစာထ။

"မင္းက အားနည္းၿပီး ေပ်ာ့ညံ့ေနတာပဲ။ မနက္ေစာေစာထၿပီး ငါနဲ႔ ျမင္းစီးေလ့က်င့္ခ်ည္"

"?"

အရပ္သားမ်ားက ဤလက္ထပ္ပြဲမွာ အမွန္ပင္ အံ့ဩစရာေကာင္းသည္ဟု ထင္ၾက၏။

အမတ္ခ်ဳပ္ႀကီးက ေန႔တိုင္း အ႐ိုက္ႏွက္ခံရသည္ဟု သူတို႔ၾကားမိသည္။ သူက အိမ္ေတာ္ေရယိုသည့္အခါ အမိုးဖာရၿပီး မီးဖိုေခ်ာင္တြင္လည္း အလုပ္လုပ္ရသည္။ ထိုသူက ခင္ပြန္းသည္ကို ျပဳစုရကာ အလြန္ပင္ နာခံမႈရွိၿပီး အျခားလူမ်ားကို အျပစ္ပင္ မတင္ဝံ့ေတာ့ေခ်။

ေဟး၊ ဗိုလ္ခ်ဳပ္က ေတာ္ေတာ္ေၾကာက္စရာေကာင္းတာပဲ။

အိပ္ရာေပၚတြင္ ပ်င္းရိစြာထိုင္ရင္း ဓားေျမႇာင္ႏွင့္ ကစားေနသည့္ ေက်ာက္ယဲ့လန္က သူ႔မ်က္လုံးကို အနည္းငယ္ ပင့္လိုက္၏။ "ဒီေကာလာဟလေတြက ဘယ္က ထြက္လာတာလဲ"

"ငါ့ေခြးရဲ႕ ပါးစပ္က" ျမင္းစီးေနသည့္ ဟန္ပန္ႏွင့္ ယန္မ်င္ထ်င္က သူ႔ေပါင္ကို ပုတ္သည္။ "မဒမ္၊ ေလးစားစြာနဲ႔ ဒီခုံေနရာကို ေပးပါတယ္။ မနက္ျဖန္ မနက္ ေစာေစာထစရာမလိုပါဘူး"

အီဗယ်လ်စတားဂျန်နရယ်Where stories live. Discover now