(Unicode)
လရောင်က ရေမျက်နှာပြင်အလား ကြည်လင်နေကာ ညလေအေးများက တိုက်ခတ်နေ၏။ ခြံဝင်းအတွင်းရှိ သစ်ကိုင်းသစ်ခက်များကမူ လေယူရာအတိုင်း ယိမ်းနွဲ့လှုပ်ရှားလျက် အသံများ မြည်နေပြီး သင်းရနံ့ဖျော့ဖျော့က ပြတင်းပေါက်ကို ဖြတ်၍ တိုးဝင်လာခဲ့သည်။
လူနှစ်ယောက်က အိပ်ရာပေါ်တွင် ဘေးချင်းကပ် ထိုင်ရင်း စကားဝိုင်းရှည်ကြီးအတွက် အသင့်ဖြစ်နေကြသည့်ဟန်ဖြင့်...။
ကျောက်ယဲ့လန်က ပန်းပွင့်တစ်ပွင့်ကို ရှုစားနေသည့်အတိုင်း ကြမ်းပြင်ပေါ်ရှိ ဖုန်မှုန့်များကို တိတ်တဆိတ် စိုက်ကြည့်နေသည်။
အငြိမ်မနေနိုင်သည့် ယန်မျင်ထျင်ကမူ ခေါင်းကို ကုတ်လိုက်ပြီးနောက် လက်ကို ပွတ်သပ်နေရင်း ကျောက်ယဲ့လန်ကို မျက်လုံးထောင့်မှ ချောင်းကြည့်နေလျက်။ ထို့နောက် မတ်တတ်ထကာ ယောက်ယက်ခတ်နေသည့် သူ့စိတ်ကို တည်ငြိမ်အောင် ကြိုးစားသည့်အနေဖြင့် အခန်းတွင်း၌ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိ၏။
ယခုလေးတင်က ပွေ့ဖက်မှုမှာ တစ်ဖက်လူကို နှစ်သိမ့်ပေးရန် ရည်ရွယ်ခဲ့သော်လည်း တဖြည်းဖြည်း တခြားအဓိပ္ပာယ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့လေသည်။
သူ သဘောမကျသည့် အမွှေးနံ့ကိုပင် စတင်တောင့်တမိလာရာ တစ်ဖက်လူကို သူ့လှုပ်ရှားမှုများကြောင့် မထိခိုက်စေရန် ဂရုတစိုက် ပြုမူခဲ့ရသည်။ တိတ်ဆိတ်နေသည့် ညအချိန်အခါတွင် ထိုပိန်ပါးပါးလူကို သူ တစ်ချိန်လုံး ဖက်ထားချင်ခဲ့၏။ ထို့နောက် ထိုသူ၏ အသက်ရှူသံက နှေးကွေး၍ တည်ငြိမ်စပြုလာသည်။
ထိုလူက သူ့ကို တွန်းထုတ်လိုက်သည့်အချိန်တွင် ဗလာသက်သက်ခံစားမှုနှင့်အတူ အထီးကျန်မှုကပါ ချဉ်းနင်းဝင်ရောက်လာခဲ့သည့်နှယ်။
"ရှေ့လျှောက်လိုက် နောက်လျှောက်လိုက် မလုပ်နေနဲ့။ မျက်စိနောက်တယ်" ကျောက်ယဲ့လန်က စပြောလိုက်သည်။
ယန်မျင်ထျင် နေရခက်သလို ပြုံးလိုက်ပြီး သူ့ဘေးသို့ လျှောက်သွားလိုက်၏။ ပြီးမှ သူ့ဘေးတွင် သတိထားလျက် ထိုင်လိုက်ကာ တစ်ဖက်သူက သူ့ကို ကန်မထုတ်လာသည့်အခါမှ စိတ်အေးအေးဖြင့် ထိုင်ချနိုင်တော့သည်။
YOU ARE READING
အီဗယ်လ်စတားဂျန်နရယ်
Humorမီယမ်မာထရန်စလေးရှင်း Update schedule - 3/4 ရက်ခြားတစ်ခါတင်ပါတယ်။ Genre - Comedy, Romance, Yaoi Total Ch - 92 Ch + 13 extra အော်သာ - ကုစန်းယွဲ့