(Unicode)ထိုက်ရှန်းတောင် ပြိုကျမှု အခြေအနေက ကောင်းမွန်လာ၏။ နောက်ဆက်တွဲငလျင်များ ငြိမ်သက်သွားပြီးနောက်တွင် လူလု၏ အမြင်ကလည်း ပြောင်းလဲလာသည်။ အစကတည်းက ထိုမတော်တဆမှုက ဘုရားသခင်၏ ဒဏ်ခတ်မှုဟု ဆိုခဲ့ကြသည်။ သို့သော်လည်း ယခုအခါတွင်တော့ လူတိုင်းက ဗိုလ်ချုပ်နှင့် အမတ်ချုပ်ကြီး၏ လက်ထပ်ပွဲအကြောင်း ပြောဆိုနေကြ၏။
ဝတ်ရုံလက်ပြတ်များကို ရွှမ်မင်းဆက်တွင် များစွာ မတွေ့ရသော်လည်း ချမ်းသာကြွယ်ဝသည့် သူဌေးကြီးများက အိမ်တော်တွင် ဆော့ကစားစရာအသစ်အဖြစ် ယောက်ျားလေးများကို တစ်ယောက်၊ နှစ်ယောက် ထားထားလေ့ ရှိကြ၏။
ရွှမ်းမင်းဆက်၏ ဘိုးဘေးဘီဘင်များပြောဆိုချက်အရ တော်ဝင်မိသားစုတစ်စုတွင် ယောက်ျားတစ်ယောက်က တစ်ဦးတည်းသော ဇနီးသည် မဖြစ်နိုင်ပေ။
သို့သော်လည်း ယခုအခါ ယန်မျင်ထျင်၏ မယားကြီးအဖြစ် ကျောက်ယဲ့လန်ကို ချီးမြှင့်လိုက်သည်။ ထိုအိမ်ထောင်ရေးနှင့် ပတ်သက်၍ ထင်မြင်ယူဆချက်များ ကွဲပြားကြသော်လည်း သေချာသည်ကတော့ ထိုအိမ်ထောင်ရေးအပေါ် မည်သူကမှ အကောင်းမြင်စိတ် မရှိကြပါချေ။
သို့ရာတွင် ကောလာဟလများ မည်မျှပင် ပျံ့နှံ့နေပါစေ ကျောက်အိမ်တော်နှင့် ဗိုလ်ချုပ်နေအိမ်က မည်သို့မျှ ထိခိုက်မှုမရှိခဲ့ဘဲ ပုံမှန်အတိုင်း လည်ပတ်နေခဲ့သည်။
ရှောင်ကောင်း ဗိုလ်ချုပ်နေအိမ်မှ ပြန်သယ်လာသည်မှာ ကြက်တစ်ကောင်တည်း မဟုတ်ဘဲ ခန်းဝင်ပစ္စည်းများအတွက် စာအုပ်ငယ်တစ်ခုပါ ပြန်ပါလာသည်။
"အိမ်တော်ထိန်းကြီးချင်း ပြောတာကတော့ ဗိုလ်ချုပ်နေအိမ်မှာ လူမရှိတာ ကြာပြီဆိုတော့ ပစ္စည်းတော်တော်များများက မသုံးနိုင်လောက်တော့အောင် ဟောင်းနွမ်းနေပါပြီတဲ့။ အဲဒါကြောင့် ကျောက်အိမ်တော်က အသုံးဝင်လောက်တဲ့ ခန်းဝင်ပစ္စည်းတချို့ ယူဆောင်လာဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်"
"ဒါက သေချာပေါက် ယန်မျင်ထျင်ရဲ့ အကြံပဲ" အိမ်တော်ထိန်းကြီးချင်းက သူ့ကို မြင်သည်နှင့် ငုံးအိုကြီး တစ်ကောင် ဖြစ်သွားကာ တိုက်ရိုက်ပင် မပေးရဲပေ။ ကျောက်ယဲ့လန် စာအုပ်ငယ်ကို ယူကာ အပြင်ဘက်ရှိ ကောင်းကင်ကို ကြည့်လိုက်မိသည်။ တဖြည်းဖြည်း မိုးစဲလာ၍ တိမ်မည်းများကလည်း လွင့်စင်လာသည်။ သူ လိုချင်သည့် သတင်းကို မကြားသိရသေးသောကြောင့် ကိုယ်တိုင် နန်းတွင်းဝင်ရပေဦးမည်။
YOU ARE READING
အီဗယ်လ်စတားဂျန်နရယ်
Humorမီယမ်မာထရန်စလေးရှင်း Update schedule - 3/4 ရက်ခြားတစ်ခါတင်ပါတယ်။ Genre - Comedy, Romance, Yaoi Total Ch - 92 Ch + 13 extra အော်သာ - ကုစန်းယွဲ့