Chapter 20

560 92 5
                                    

(Unicode)

အခန်းထဲတွင် အမွှေးရနံ့များဖြင့် အီစိမ့်သင်းပျံ့နေလျက်။

ကျောက်ယဲ့လန်က အမွှေးတိုင်ဆယ့်နှစ်တိုင်မျှကို တစ်ကြိမ်တည်း ထွန်းလိုက်ရာ ယန်မျင်ထျင်မှာ မွှန်ထူလွန်းသောကြောင့် သူ့မျက်လုံးများ၌ မျက်ရည်များပင် ဝဲလာကာ ထိုသူထံတွင် ခွင့်လွှတ်ပေးရန် တောင်းပန်ရလေသည်။ "ငါ တောင်းပန်ပါတယ်။ ငါ မှားသွားတာပါ၊ ကျောက်တာ့ယွမ်။ ဟက်ချိုး...ကျောက်တာ့ယွမ်၊ ငါ့ကို လွှတ်ပေးပါတော့"

ကျောက်ယဲ့လန်က သူ့အရှေ့သို့ တိုးလိုက်ကာ နီမြန်းစိုစွတ်နေသည့် သူ့မျက်ဝန်းများကို စိုက်ကြည့်၍ ရှင်းမပြနိုင်သည့် စိတ်ကျေနပ်မှုတစ်ခုကို ခံစားလိုက်ရသည်။ "ကြီးမြတ်လှတဲ့ ဗိုလ်ချုပ်ကြီးက အမွှေးတိုင်အနံ့လေးကြောင့်နဲ့ ငိုနေပြီလား"

ယန်မျင်ထျင်: "ဟက်ချိုး၊ ဟုတ်၊ ဟုတ်ပါတယ်။ ငါ့ကို လွှတ်ပေးပါတော့။ ဝူးဝူးဝူး ငါ မင်းကို တောင်းပန်ပါတယ်"

"..." ပျော့ညံ့လိုက်တာ။

ထိုသူက ကြိုးချည်ခံထားရခြင်းမှ လွတ်မြောက်ရန် မကြိုးစားဘဲ ထိုမျှအထိ နှိပ်စက်ခံနေသည်ကို တွေ့ရလေရာ ကျောက်ယဲ့လန်လည်း ကြိုးပြန်ဖြေပေးလိုက်ပြီး သွားခွင့်ပေးလိုက်တော့၏။

လွတ်လပ်မှုကို ပြန်လည်ရရှိသွားသည့် ယန်မျင်ထျင်မှာမူ ခြံဝင်းထဲသို့ ပြေးထွက်သွားပြီး လေကောင်းလေသန့်ကို အသက်ပြင်းပြင်းရှူရှိုက်နေသည်။

"တစ်ယောက်ယောက်လာပြီး ရေနွေးပြင်ထားစမ်း" ကျောက်ယဲ့လန်က တံခါးဝတွင် ရပ်ကာ အော်ဟစ်လိုက်သည်။

ထိုစကားဆုံးသည်နှင့် အိမ်တော်ထိန်းကြီးချင်းမှာ အစေခံတချို့နှင့်အတူ ရေလာပို့ပေး၏။

ကျောက်ယဲ့လန် ထိုအိမ်တော်ထိန်းကြီးကို သံသယဖြစ်စွာ ကြည့်လိုက်မိသည်။ "အခုတလော တော်တော်နိုးနိုးကြားကြားရှိနေတာပဲ"

"ဖြစ်သင့်တာပေါ့၊ အရှင်ရယ်။ ပြောရရင် ကျွန်တော့်မှာက အတွေ့အကြုံရှိတာပဲလေ" အိမ်တော်ထိန်းကြီးချင်းက အပြုံးတစ်ခုဖြင့် ပြန်ဖြေသည်။

အီဗယ်လ်စတားဂျန်နရယ်Where stories live. Discover now