Chapter 3

1.4K 211 12
                                    

(Unicode)

ရံဖန်ရံခါ စစ်အရာရှိများနှင့် စစ်သည်များ ကင်းလှည့်နေသောကြောင့် လမ်းပေါ်ရှိ လူများက တဖြည်းဖြည်း လျော့နည်းလာသည်။ ကြမ်းပြင်ပေါ်တွင် ရယ်နေကြသည့် လူတစ်စုကို မြင်သည့်အခါ သူတို့က အကြောင်းရင်းကို မေးမြန်းလာတော့၏။

ကျုံးယွဲ့ဟုံ မတ်တတ်ရပ်နေသည့် တစ်ယောက်ကို ညွှန်ပြလိုက်သော်လည်း ဝမ်းနည်းနေသည့် မျက်နှာဖြင့် လူက ပြောလာသည်။ "ဘာမှမဟုတ်ပါဘူး။ ခုနတုန်းက...ကျွန်တော်တို့ အစ်ကိုကြီး အလှောင်ခံလိုက်ရလို့ပါ"

ယန်မျင်ထျင်က သူ့မျက်နှာကို ပွတ်သပ်ကာ သူတို့ကို အဝေးသို့ တွန်းထုတ်လိုက်ရင်း အရှေ့သို့ လျှောက်သွားသည်။ ထိုအခါ သူတို့အုပ်စု အနောက်မှ လိုက်သွားကြတော့သည်။

"တောင်းပန်ပါတယ်။ မရယ်တော့ဘူးလို့ ကတိပေးပါတယ်" ကျုံးယွဲ့ဟုံ က သူ(မ)မျက်လုံးရှိ မျက်ရည်များကို သုတ်လိုက်ကာ အခြားညီအစ်ကိုများကို လက်ဖြင့် ပုတ်လိုက်သည်။ "မင်းတို့လည်း ရယ်တာ ရပ်ကြတော့"

ထိုလူစုက အရယ်မရပ်ဘဲ အချိန်အတော်ကြာအောင် ဆက်၍ ရယ်မောနေကြသည်။ ကျုံးယွဲ့ဟုံက ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။ "ဒီကျောက်ယဲ့လန်က အကောင်းအဆိုး မခွဲခြားနိုင်ဘူး။ သူက ဘယ်လို ဗြောင်လိမ်နိုင်ရတာလဲ။ ဗိုလ်ချုပ်ရဲ့ သူရဲကောင်းဆန်တဲ့ မျက်နှာပေါက်က လန်လျင်ဘုရင်တောင် ရှက်ရွံ့သွားစေမယ့် မျက်နှာမျိုး။ သူက ဘယ်လိုလုပ်ပြီး ဝက်မိစ္ဆာ ဝင်စားတာလို့ ပြောရဲရတာလဲ။ ဖူး..."

ယန်မျင်ထျင်က လှည့်ကြည့်လိုက်ပြီး သူ့ကို စိုက်ကြည့်နေသည်။ သူ(မ)က ချက်ချင်း ပါးစပ်ကို လက်ဖြင့်အုပ်ကာ မရပ်မနား ရပ်နေတော့၏။

အခြားသူများကလည်း တစ်ဖန် ပြန်ရယ်ကြပြန်ကာ ခေါ်ဆွေးကျောင်းက ဆိုလာသည်။ "ဗိုလ်ချုပ်၊ ဘာလို့ ဝင်သွားပြီး ဗိုလ်ချုပ်ရဲ့ ရုပ်ရည်ကို သေချာမကြည့်ခိုင်းတာလဲ။ သူက တကယ် ဗိုလ်ချုပ်ကို တွေ့ဖူးလို့လား။ မဟုတ်တာတွေ လျှောက်ပြောနေတာလား"

"သူ ငါ့ကို တွေ့ဖူးတယ်" ယန်မျင်ထျင်က ပြန်ဖြေသည်။

အကုန်လုံးက ငြိမ်သွားကြကာ ထို့နောက်တွင် ဘယ်အချိန်က တွေ့ခဲ့သည့်အကြောင်း၊ ဘာကြောင့် တွေ့ခဲ့သည့် အကြောင်း၊ သူဘာကြောင့် ဘာမှ မပြောခဲ့သည့်အကြောင်းများကို ချက်ချင်း မေးလိုက်ကြသည်။

အီဗယ်လ်စတားဂျန်နရယ်Where stories live. Discover now