Chapter 41

775 113 5
                                    


(Unicode)

"ဘာလို့ ဆောင်ကြာမြိုင်ကို ထပ်သွားတာလဲ" ယန်မျင်ထျင်က ညစာစားနေစဉ် သူ့ကို မေးလာသည်။

ကျောက်ယဲ့လန်၏ တူများမှာ ရပ်တန့်သွားလျက်သား။ သူ အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။ "ဒီအတိုင်း ဖြတ်သွားရုံပဲ"

"ဒါဆိုရင် ဘာလို့ လီယွိချန်းက သီချင်းနားထောင်ဖို့ဆိုပြီး မင်းကို ဆောင်ကြာမြိုင်ဆီ ခေါ်သွားတာလဲ"

ကျောက်ယဲ့လန်က ထိုစကားကို ကြားသည့်အချိန်တွင် ခေါင်းကို တစ်ဖက်သို့ လှည့်ရင်း သူ့မျက်နှာကို လက်ဖြင့် အုပ်၍ ထွက်ပြေးသွားသည့် ကောင်းထန်ကို တစ်ချက်ကြည့်လိုက်မိ၏။ "သူ ပြောတာတော့ သီချင်းကောင်းကောင်းဆိုတတ်တဲ့ မိန်းကလေးတစ်ယောက် ရှိတယ်တဲ့။ ငါ့ကို အတူသွားနားထောင်ဖို့ ပြောနေလို့"

"ဆောင်ကြာမြိုင်မှာ သီချင်းအတူသွားနားထောင်ရလောက်တဲ့အထိ မင်းတို့ရဲ့ ဆက်ဆံရေးက တော်တော်ကောင်းနေမှန်း ငါ မသိလိုက်ဘူး" ယန်မျင်ထျင်က တစ်ဖက်လူက သူ ဒေါသထွက်နေကြောင်း သတိမထားမိမည်ကို စိုးရွံ့နေသလို "ဆောင်ကြာမြိုင်" ဆိုသည့် စကားလုံးကို ဖိပြောလိုက်သည်။

ကျောက်ယဲ့လန်က သူ့ကို မုန်လာဥဖြူတစ်ဖတ် ထည့်ပေးလိုက်သည်နှင့် ယန်မျင်ထျင်၏ အမူအရာကလည်း အနည်းငယ် ပြေလျော့သွားသည့်နှယ်။ သူ စားတော့မည့်အခိုက် ထိုသူက စကားပြောလာခြင်းကို ကြားခဲ့ရခြင်းပင်။ "မဟုတ်တာတွေ လျှောက်မတွေးပူနေဘဲ ဒီဆားရေစိမ်မုန်လာဥနီကိုပဲစား"

ယန်မျင်ထျင်က သရော်သံပြုလျက် တူကို ပစ်ချလိုက်ပြီး ထမင်းစားစားပွဲမှ ထထွက်သွားသည်။

ရက်အနည်းငယ်အကြာတွင် ကျောက်ယဲ့လန် စာပေဌာနမှ ထွက်ခွာတော့မည့်ဆဲဆဲ လီယွီချန်းက သူ့ကို ရပ်တန့်လိုက်၏။

"နောက်ဆုံးတော့ ငါ မင်းကို ရှာတွေ့ပြီ။ ငါ ဗိုလ်ချုပ်စံအိမ်ကို နေ့တိုင်းသွားပေမဲ့ ဘယ်သူမှ မရှိဘူး။ အခု ငါ မင်းကို မိပြီ" လီယွိချန်းက ဆိုလေသည်။

"ဘာကိစ္စလဲ"

"တစ်ခုခုသွားစားရအောင်။ မြို့တော်အရှေ့ပိုင်းမှာ စားသောက်ဆိုင်သစ်တစ်ဆိုင် ဖွင့်တယ်တဲ့။ ငါ မင်းအတွက် သီးသန့်ခန်းတစ်ခန်း ကြိုငှားထားပြီးပြီ။ မြန်မြန် ဝေါယာဉ်ပေါ်တက်"

အီဗယ်လ်စတားဂျန်နရယ်Where stories live. Discover now