(Unicode)ကျောက်ယဲ့လန် ရပ်တန့်လိုက်ပြီး သူ့မျက်ခုံးများက အနည်းငယ် ကြုတ်သွားသည်။ "ယန်မျင်ထျင်က ပေကျင်းကို စောစောပြန်ရောက်လာတာလား"
နယ်စပ်စစ်ပွဲက နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ကာ အိမ်နီးချင်းတိုင်းပြည်များကလည်း ဆက်လက် ကျူးကျော်ဝင်ရောက်လာခဲ့သည်။ ယန်မျင်ထျင်၏ မိသားစုများက စစ်ဗိုလ်ချုပ်မျိုးဆက်နှစ်ဆက်လုံး နယ်စပ်တွင် တစ်နှစ်ပတ်လုံး နှစ်ကာလများစွာ တပ်စွဲထား၏။ စစ်ရေးဆိုင်ရာ အောင်မြင်မှုများ ရရှိခဲ့ကာ ရွှမ်းမျိုးဆက် တည်တံ့ခိုင်မြဲစေသည့် အင်အားပေါင်းစု ဖြစ်လာခဲ့သည်။ မြောက်ပိုင်းတွင် ဆူပူသောင်းကြမ်းဆုံး ဖြစ်သည့် မွန်ဂိုလီယားတိုင်းပြည်က နောက်ဆုံးတွင် စစ်လက်နက်ချကာ နယ်မြေများကို လက်လွှတ်ပြီး ငြိမ်းချမ်းရေးအတွက် စစ်ပြေငြိမ်းလာခဲ့ကြောင်း သတင်းကောင်းကြားခဲ့ရသည်။
ဤအချိန်တွင်မှ နယ်စပ်က ငြိမ်းချမ်းစပြုလာ၏။ ဧကရာဇ်၏ မျက်နှာတော်က ရွှင်လန်းလာပြီး သူက စစ်တပ်ကို ချက်ချင်း နန်းတွင်းသို့ ပြန်လာရန် အမိန့်ထုတ်ခဲ့သည်။
နေ့ရက်များကို တွက်ကြည့်လျှင် သူတို့ ပေကျင်းသို့ ပြန်မရောက်လာခင် ရက်ပေါင်းအနည်းငယ် လိုနေသေးသည်။
"ရောက်လာတာက ဗိုလ်ချုပ်မဟုတ်ပါဘူး။ ဗိုလ်ချုပ်အိမ်တော်က အိမ်တော်ထိန်းကြီးပါ။ သူက တော်တော်တော့ ဖော်ရွေပါတယ်။ လက်ထပ်ပွဲအကြောင်း အသေးစိတ် ဆွေးနွေးချင်လို့ဆိုပြီး ပြောတာပါပဲ။ အရှင်သာ အိမ်တော်ထဲမှာ မရှိရင် ကျွန်တော် သူ့ကို အရင်ပြန်လွှတ်လိုက်မှာပါ" ရှောင်ကောင်းက ပြောလာသည်။
"သူ..." ကျောက်ယဲ့လန် ပြောစရာစကား ရှာမရဖြစ်နေမိသည်။ ခဏကြာပြီးသည့်အခါမှ စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။ "ဗိုလ်ချုပ်ရဲ့ အိမ်တော်ထဲက လူတွေက ဒီလိုမျိုး အလျှော့ပေးလိုက်တာလား။ ယန်မျင်ထျင်က ဘယ်လိုလုပ်ပြီး ဒီလောက်နာခံတတ်သွားတာလဲ"
ရှောင်ကောင်းက သက်ပြင်းချသည်။ "သူက ဘယ်လိုဖြစ်ပြီး မနာခံလို့ရမှာပါလဲ။ ဒါက ဧကရာဇ်ရဲ့ အမိန့်တော်ပါ၊ အရှင်။ ဗိုလ်ချုပ်ယန်ကို ထားလိုက်ပါဦး၊ အရှင် ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသား ပြောဆိုဆက်ဆံသင့်..."

YOU ARE READING
အီဗယ်လ်စတားဂျန်နရယ်
Humorမီယမ်မာထရန်စလေးရှင်း Genre - Comedy, Romance, Yaoi Total Ch - 92 Ch + 13 extra အော်သာ - ကုစန်းယွဲ့