Chapter 11

954 157 7
                                    


(Unicode)

သူ တစ်နေကုန် ပြေးလွှားနေသောကြောင့် ပင်ပန်းနွမ်းနယ်နေခြင်း ဖြစ်လိမ့်မည်။ ကျောက်ယဲ့လန် ငြိမ်ကျသွားပြီး မကြာခင် အိပ်ပျော်သွားခဲ့၏။

ယန်မျင်ထျင်မှာ သူ့ကို စူးစူးစိုက်စိုက် ကြည့်နေမိဆဲ။ သူ ငယ်ငယ်ကပုံစံနှင့် နှိုင်းယှဉ်လျှင် ယနေ့ ကျောက်ယဲ့လန်က ပိုဆွဲဆောင်မှုရှိကာ ထင်ရှားတောက်ပသည့် အလှမျိုးရှိသည်။ သို့သော်လည်း ထိုသူက အမြဲတစေ တခြားလူများကို သတိထားတတ်ပြီး သူ့မျက်လုံးများက အေးစက်နေကာ မျက်ခုံးများကလည်း တွန့်ချိုး၍နေ၏။

သို့တိုင်အောင် သူကိုယ်တိုင် မသိသည့်အချက်မှာ သူ့အရှိန်အဝါက လူများကို အဝေးသို့ တွန်းပို့လေလေ သူ့အလှအပက တစ်မူထူးခြားကာ ပို၍ ကြမ်းတမ်းလာလေလေ ဖြစ်လာသည်ကိုပင်။

ယန်မျင်ထျင်၏ စိတ်အခြေအနေက အလွန်ရှုပ်ထွေးနေခဲ့၏။ ဤအိမ်ထောင်ရေးမှာ အဆုံးတွင် မည်သို့ ဖြစ်မည်ကို သူ မသိသည့်အပြင် ကျောက်ယဲ့လန် လုပ်ခဲ့သည့် လုပ်ရပ်များအကြောင်းလည်း တိတိကျကျ သိရှိထားခြင်း မရှိချေ။ အပြင်လူများပြောသည့် ဇာတ်တမ်းများက အရောင်အသွေးစုံလင်ကာ ထင်ရှားစေကာမူ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုသာ သူ ယုံကြည်မိသည်။

အိပ်ပျော်နေသည့် ကျောက်ယဲ့လန်မှာ ပုံမှန်ကဲ့သို့ မည်သူ့ကိုမျှ ဂရုမစိုက်တတ်သည့် မျက်နှာထားမျိုး ပျောက်ဆုံးနေခဲ့၏။ သူ့နှာခေါင်းပေါက်များက တဖျတ်ဖျတ် လှုပ်ရှားကာ ပါးလွှာလှသည့် နှုတ်ခမ်းများက စေ့ထားလျက်။ လက်ရှိအချိန်တွင် သူ့မျက်လုံးအောက်ရှိ အမှတ်လေးက မျက်နှာပေါ်တွင် ငြိမ်သက်တိတ်ဆိတ်စွာဖြင့် အကာအကွယ်မဲ့နေသည့် ကလေးငယ်တစ်ယောက်အလား။

"မင်းများ ဖြစ်နိုင်မလား" ယန်မျင်ထျင် တီးတိုးရေရွတ်လိုက်မိသည်။

သူ သက်ပြင်းရှည်ကြီးချလိုက်ရင်း မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်တော့၏။

ထိုအခိုက် တစ်ချိန်လုံး အိပ်ပျော်နေဟန်ဆောင်ထားသည့် ကျောက်ယဲ့လန်က မျက်လုံးဖွင့်လာခဲ့သည်။ သူ့မျက်လုံးများက ကြည်လင်နေပြီး သူ အကျင့်အတိုင်း မျက်မှောင်ကြုတ်မိသွားသည်။

အီဗယ်လ်စတားဂျန်နရယ်Where stories live. Discover now