(Unicode)
စံအိမ်သို့ ပြန်ရောက်ပြီးနောက်တွင် ကျောက်ယဲ့လန်မှာ ယန်မျင်ထျင်ထံသို့ အကြည့်တစ်ချက်မျှပင် မစွန့်ကြဲလာခဲ့ပေ။
ယန်မျင်ထျင်မှာ သူ့အပြစ်သူ သိ၍ ကျောက်ယဲ့လန် ရေချိုးနေစဉ်တွင် တံခါးအပြင်ဘက်၌ ရပ်ရင်း ရိုးသားစွာဖြင့် တောင်းပန်လာလေသည်။ "တောင်းပန်ပါတယ်၊ ငါ မှားသွားတာပါ။ နောက်တစ်ခါ မူးနေသလို မဟန်ဆောင်တော့ပါဘူး။ ငါ ခဏလေး နောက်လိုက်မိတာပါ။ မင်း ငါ့ကို ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးလို့ရမလား"
"ဗိုလ်ချုပ် အဲဒီမှာ ဘာလုပ်နေတာလဲ" အိမ်တော်ထိန်းကြီးချင်းမှာ တံမြက်စည်းတစ်ချောင်းဖြင့် ဖြတ်လျှောက်သွား၏။
"အဟမ်း" ယန်မျင်ထျင်မှာ ချက်ချင်း တည့်တည့်မတ်မတ် ရပ်လိုက်ကာ လက်ကို နောက်ပို့ရင်း ဘေးဘီကို ကျီးကန်းတောင်းမှောက် ကြည့်နေမိသည်။ "ဘာမှမဟုတ်ပါဘူး။ ကျွန်တော် ကြယ်ကြည့်ဖို့ ထွက်လာတာ"
အိမ်တော်ထိန်းကြီးမှာ အပေါ်သို့ မော့ကြည့်လိုက်သည်။ "အရမ်းမှောင်နေပြီကို။ ဘယ်လိုလုပ် ကြယ်တွေ ရှိနေဦးမှာလဲ"
ယန်မျင်ထျင်: "အဲဒါဆိုရင် ကျွန်တော် လကြည့်နေတာ"
"ဒါဆိုရင်လည်း ဆက်ကြည့်လိုက်ပါဦး။ ကျွန်တော် ဖုယွမ်အတွက် သရေစာတချို့ သွားယူပေးလိုက်ပါဦးမယ်။ ဒီနေ့ အပြင်မထွက်သွားခင်က ဂျူဂျူသီးကိတ်စားချင်တယ်လို့ ပြောလို့ပါ"
"ဘာလို့ အဲဒီမှာ ရပ်နေတာလဲ။ သွား၊ သွား မြန်မြန်ယူသွားလေ" ယန်မျင်ထျင်က တိုက်တွန်းလိုက်ပြီး အိမ်တော်ထိန်းကြီး ပြန်ရောက်လာသည့်အခါ သူ့လက်ထဲမှ အမြန်လှမ်းယူလာသည်။ "ကျွန်တော့်တာဝန်ထားလိုက်ပါ။ ဦးလေးချင်းက သွားနားလိုက်ပါတော့"
သူ တံခါးဝတွင် မုန့်ပဲသရေစာများနှင့် ခဏမျှ ရပ်နေစဉ် တံခါးက ပွင့်လာ၏။
ကျောက်ယဲ့လန်မှာ သူ့ကို ကြည့်ရန် ငြင်းဆန်နေဆဲ။ ထိုသူက တံခါးဝတွင် ရပ်ကာ ကောင်းထန်အား လှမ်းခေါ်ရင်း အစေခံတစ်ယောက်ကို ရေစည်ပိုင်းအား ပြန်ယူသွားခိုင်းလိုက်သည်။

YOU ARE READING
အီဗယ်လ်စတားဂျန်နရယ်
Humorမီယမ်မာထရန်စလေးရှင်း Genre - Comedy, Romance, Yaoi Total Ch - 92 Ch + 13 extra အော်သာ - ကုစန်းယွဲ့