Chapter 53

742 132 4
                                    

If you missed the previous chapter because of no notification, be sure to check it out first

(Unicode)

အဆုံးတွင် အုပ်ချုပ်ရေးမှူးယင်မှာ မြို့တော်မှ ရောက်လာသည့် ဧည့်သည်နှစ်ယောက်ကိုပါ အတူလိုက်ခဲ့ရန် သဘောတူလိုက်ရသည်။ ပထမဦးစွာအနေဖြင့် သူ ထိုသူတို့ကို အပြစ်မပြုလိုပေ။ ဒုတိယအနေဖြင့် ယန်မျင်ထျင်က သူ့ကို မျက်နှာလိုက်သူဟု ထင်မည်ဟု စိုးရိမ်၏။

သူတို့ ဝင်ပေါက်ဝမှ ဝင်သွားသည်နှင့် အုပ်ချုပ်ရေးမှူးယင်က စားပွဲပေါ်တွင် စားစရာများကို ချပေးရန် အစေခံများအား အမိန့်ပေးလိုက်သည်။

ယန်မျင်ထျင်က ထမင်းစားပြီးသွား၍ သေရည်သာ သောက်မည်ဟုဆိုရာ အုပ်ချုပ်ရေးမှူးယင်က သူ သိမ်းဆည်းထားသည့်အထဲမှ သေရည်ကောင်းများစွာကို ထုတ်ယူလာခဲ့သည်။

လူတိုင်းက တစ်ယောက်ပြီး တစ်ယောက် ထိုင်ခုံပေါ်တွင် နေရာယူလိုက်ကြ၏။ အုပ်ချုပ်ရေးမှူးယင် လှမ်းကြည့်လိုက်မိသည့်အချိန်တွင် ယန်မျင်ထျင်က မြို့တော်မှ အချောမောဆုံးယောက်ျားဆိုသူနှင့် အတူထိုင်နေသည်။ လီယွိချန်းနှင့် ယန်မျင်ထျင်၏ အဖော်ကမူ ဒုဗိုလ်ချုပ်နှစ်ယောက်ကို မျက်နှာချင်းဆိုင်လျက် ထိုင်နေခြင်းပင်။

သူ နေရခက်စွာ ပြုံးလိုက်မိသော်လည်း လူတိုင်းက သက်သောင့်သက်သာဖြစ်နေကြသည်ကို မြင်ရသည်ပြီး ကျပန်းဝင်ထိုင်ကြခြင်း ဖြစ်လိမ့်မည်ဟုသာ တွေးလိုက်မိ၏။

ကျောက်ယဲ့လန်က ယင်မိသားစု၏ အခြေအနေအကြောင်း မနေ့ညက ယန်မျင်ထျင်ထံမှ ကြားခဲ့သောကြောင့် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ဝင်ဝအခန်းထဲတွင် အစေခံများမှတစ်ပါး တခြားလူမရှိချေ။ အုပ်ချုပ်ရေးမှူးကတော်ယင်က ဧည့်သည်များကို ကြိုဆိုနှုတ်ဆက်ပြီးသည်နှင့် ကျန်မိန်းကလေးများကို ခြံဝင်းထဲသို့ ပြန်ခေါ်သွားခဲ့သည်။

စားပွဲပေါ်ရှိ ဟင်းပွဲများက အတော်လေး ကျေနပ်စရာကောင်းလှသည်။ အလွန်အကျွံ သုံးစွဲထားခြင်းမျိုး မဟုတ်သော်ငြား မြို့တော်ရှိ ဟင်းလျာများနှင့် ဟွိုင်ကျိုး၏ ဟင်းလျာများကို တစ်ဝက်စီ အညီအမျှ ချက်ပြုတ်ထား၏။

အီဗယ်လ်စတားဂျန်နရယ်Where stories live. Discover now