Chapter 6

1.3K 193 4
                                    


 
(Unicode)

ဗိုလ်ချုပ်နေအိမ်ရှိ သိုလှောင်ခန်းက အသုံးမဝင်လှချေ။ အထင်ကြီးလောက်စရာဟု ထင်ရသည့် ဗိုလ်ချုပ်အိမ်တော်က အမှန်တကယ်တွင် သနားစရာကောင်းလောက်အောင် ကြွယ်ဝမှုအနည်းငယ်သာ ရှိသည်။ ရရှိသည့် ဆုငွေနှင့် လစာများအားလုံးကို တပ်သားများကို ဆုချီးမြှင့်ရန်နှင့် လက်နက်များ ဝယ်ယူရန် အသုံးပြုခဲ့ခြင်း ဖြစ်၏။

ထိုအခန်းကို သန့်ရှင်းထားကာ ယန်မျင်ထျင်က ရှေ့တန်းမှ ပြန်ယူလာသည့် လက်နက်များဖြင့် အပြည့်ဖြည့်ထားသည်။

အစေခံများမှာ ထိုလက်နက်များက  သခင်အသစ်အား အန္တရာယ်ဖြစ်စေမည်ကို ကြောက်ရွံ့ကြသောကြောင့် သူ့ကို ဂရုတစိုက် စောင့်ရှောက်ပေးနေကြကာ သူ့အမိန့်အတိုင်း နာခံကြရသည်။ ထို့နောက် ယနေ့ရရှိသည့် လက်ဖွဲ့ငွေများနှင့် ပစ္စည်းများကို သူစစ်ဆေးရန် ဖွင့်ပြလိုက်ကြသည်။

ယန်မျင်ထျင်က တံခါးသို့ လျှောက်လာချိန်တွင် အေးစက်လှသည့် အသံကို ကြားလိုက်ရ၏။

"အခွန်ဝန်ကြီးဌာနရဲ့ လက်ဝဲအမတ်က ငွေချောင်းတစ်ရာ၊ ပိုးဖဲဆယ်စ၊ ဓားတစ်ချောင်းနဲ့ ဆိုတာက သင့်တော်တယ် ဆိုရုံလောက်ပဲ...ဒီပိုးသားက..."

ယန်မျင်ထျင် တံခါးကို ဖွင့်လိုက်ရာ အစေခံတစ်ယောက်က လက်ခံရရှိထားသည့် ပိုးဖဲသေတ္တာကို ဖွင့်ပြနေသည်။ ကျောက်ယဲ့လန်က တစ်ခု ကောက်ယူကြည့်ရန် ငုံ့လိုက်ပြီး ထိုအဝတ်ကို သူ့လက်ထိပ်များဖြင့် ပွတ်သပ်သည်။

"ဗိုလ်ချုပ်" ထိုအစေခံကပင် လှမ်းခေါ်လာသည်။

ယန်မျင်ထျင် ခေါင်းညိတ်ပြလိုက်၏။ သူ့မျက်လုံးက အနီရောင်အသွင်အပြင်၏ နောက်ကျောကို ကြည့်နေမိသော်လည်း တစ်ဖက်လူက အချိန်အတော်ကြာသည့်တိုင်အောင် တစ်ဖက်သို့ မလှည့်ကြည့်လာဘဲ သေတ္တာကို စေ့စေ့စပ်စပ် စစ်ဆေးရန်ပင် ပြင်ဆင်နေသေးသည်။

"အဟမ်း" ယန်မျင်ထျင် သူ ရှိနေကြောင်း ကြေညာရန် ချောင်းကို တမင် ဟန့်လိုက်ရသည်။

ထိုအခါမှ ကျောက်ယဲ့လန်က သူ့ခေါင်းကို လှည့်ကာ တွန့်ဆုတ်စွာဖြင့် သူ့ကို ကြည့်လာသည်။ သူက ရုတ်ခြည်း ရပ်တန့်သွားကာ တံခါးနားရှိ လူကို တစ်ဖန် ကြည့်လိုက်ပြီးမှ သူ့မျက်လုံးများက အနည်းငယ် ထိတ်လန့်သွားခဲ့သည်။

အီဗယ်လ်စတားဂျန်နရယ်Where stories live. Discover now