Chapter 12

612 103 10
                                    

(Unicode)

အခန်းတွင်းရှိ ပစ္စည်းအားလုံးမှာ အစိတ်စိတ်အမြွှာမြွှာကွဲကြေသွားခဲ့၏။ ကျောက်ယဲ့လန်က သူ့ကို မရိုက်နှက်နိုင်ဘဲ ရှိနေရာ သူ့လက်ထဲတွင်ရှိသည့် ခေါင်းအုံး၊ အိပ်ရာအထည်အလိပ်အမျိုးမျိုးဖြင့် ပစ်ပေါက်တော့သည်။

"ငါ မှားတာပါ၊ ငါမှားတာပါ။ နောက်တစ်ခါ မင်းကို မစတော့ဘူး" ယန်မျင်ထျင်က သူ့ခေါင်းကို ကာထားရင်း အကြိမ်အနည်းငယ် ရှောင်ရှားလိုက်ပြီးမှ စောင်ကို ကိုင်၍ မူရင်းနေရာသို့ ပြန်သွားလိုက်သည်။ ကျောက်ယဲ့လန်က အကြိမ်အနည်းငယ် ပစ်ပေါက်နေသေးသော်လည်း သူလည်း မောပန်းလာခဲ့ရာ အသက်ကို မနည်းရှူနေရပြီး ချောင်းတဟွတ်ဟွတ်ဆိုးလာခဲ့သည်။

"ဘာလို့ အရင်ဦးဆုံး ခဏ မနားတာလဲ" ယန်မျင်ထျင်မှာ စဉ်းစားပေးတတ်သူ ဖြစ်လာလေသည်။

ကျောက်ယဲ့လန်က သူ စားပွဲပေါ်တွင် တင်ထားသည့် ဓားကိုလည်း ပစ်ထုတ်ပစ်သည်။ ယန်မျင်ထျင်က လက်တစ်ဖက်ဖြင့် ဖမ်းလိုက်သည့်တိုင်အောင် ဤတစ်ကြိမ်တွင်တော့ သူ့ကို မခြိမ်းခြောက်လာပေ။ သူ အံဆွဲထဲသို့ ထည့်ထားလိုက်ပြီးနောက် သူ့ကို စိတ်ကျေနပ်အောင် နှစ်သိမ့်ပေးလာ၏။ "ဟုတ်ပြီ၊ ဟုတ်ပါပြီ။ ဒီတစ်ခေါက်တော့ ငါ မှားတယ်၊ ဟုတ်ပြီလား"

"မင်းက ဘယ်လိုလုပ်ပြီး မှားနိုင်မှာလဲ" ကျောက်ယဲ့လန်က ရုတ်တရက် ဆိုသည်။

"အိုကေ၊ ဒါဆိုရင် ငါ မှန်တယ်"

"......" ကျောက်ယဲ့လန်မှာ သူ ကိုယ်ခံပညာကို မသင်ယူခဲ့ခြင်းအတွက် ပထမဆုံးအကြိမ် နောင်တရမိသည်။

တံခါးအပြင်ဘက်၌ ခြေသံများ ဆက်တိုက် ထွက်ပေါ်လာ၍ ယန်မျင်ထျင်က တိတ်တိတ်နေရန် အချက်ပြ၏။ "ကြည့်ပါလား၊ တကယ်လူရှိပါတယ်ဆို" ထို့နောက်တွင် သူ တံခါးဖွင့်လိုက်ကာ ခြံဝင်းထဲရှိ အစေခံများစွာက ရေနွေးများ သယ်ဆောင်လာသည်ကို တွေ့လိုက်ရကာ "မင်းတို့အကုန် ဘာလာလုပ်ကြတာလဲ" ဟု မေးလိုက်သည်။

"အိမ်တော်ထိန်းချင်းက ကျွန်တော်တို့ကို ရေနွေးနည်းနည်းလောက် ပြင်ထားဖို့ ပြောလို့ပါ။ ဗိုလ်ချုပ် အခု ယူချင်တာပါလား" အစေခံတစ်ယောက်က ပြန်မေးလာလေသည်။

အီဗယ်လ်စတားဂျန်နရယ်Where stories live. Discover now