Chapter 18

912 151 9
                                    

(Unicode)

ကျောက်ယဲ့လန် နေရာရှိ အလောင်းများကို စစ်ဆေးကြည့်လိုက်သည်။ ကော်လံတွင် ရွှေချည်များ ထိုးထားနေလေရာ ကျင်းလင်အစောင့်များဖြစ်ကြောင်း သံသယဖြစ်စရာ မလိုပေ။

စုစုပေါင်း ဆယ့်နှစ်ယောက်ရှိသည့် အဖွဲ့ဖြစ်ပြီး ထိုလူအားလုံးကို ယန်မျင်ထျင်က ရှင်းပစ်ခဲ့၏။ ကောင်းထန် အနောက်မှ လိုက်သွားသည့် အဖွဲ့အတွက်မူ ထိုလူများက ကိုင်တွယ်ရခက်ခဲသည့် လူများ ဖြစ်နိုင်သည်။

သူ့ပါးစပ်နှင့် နှာခေါင်းကို လက်ကိုင်ပဝါနှင့် အုပ်လိုက်ရင်း ထမ်းစင်ဆီသို့ လျှောက်သွားမိသည်။ တုန်ယင်နေသည့် အထမ်းသမားများကို သူ ကြည့်ကာ မေးလိုက်၏။ "ထွက်ပြေးသွားတဲ့ လူတွေက ဝတ်ရုံနက်နဲ့ လူတွေဆိုတာ သေချာလား"

"ဟုတ်၊ ဟုတ်ကဲ့" အနည်းငယ်ပြောရဲဆိုရဲရှိသည့် လူတစ်ယောက်က ပြန်ဖြေလေသည်။ "နောက်တော့ အရှင့်ရဲ့ အစေခံက အနောက်က လိုက်သွားတာပါ။ သူတို့အကုန်လုံးက အရမ်း၊ အရမ်း အတိုက်အခိုက်ကောင်းကြတာ..."

ကျောက်ယဲ့လန်က အမိန့်ပေးလာသည်။ "အိမ်တော်ကို ပြန်မယ်"

တချို့အထမ်းသမားများမှ အလွန်တရာ ထိတ်လန့်နေသောကြောင့် မြေပြင်ပေါ်သို့ပင် လဲကျလုနီးပါး။ ထိုအမိန့်ကို ကြားရသည့်အခါ တုန်တုန်ယင်ယင်ဖြင့် အမြန်ထကြပြီး ဖြူ‌ဖျော့နေသည့် မျက်နှာများနှင့် ထမ်းစင်ကို သယ်ကြရ၏။

စံအိမ်တော်၌ ညစာပြင်ဆင်နေသည့် အချိန်ပင်။ အိမ်တော်ထိန်းကြီးချင်းက သူ ပြန်လာသည်ကို မြင်ရသည့်အချိန်တွင် သတိထားမေးလာခဲ့သည်။ "အရှင် ဒီနေ့ သုံးဆောင်ချင်တာများ ရှိလား၊ မသိဘူး"

"မစားတော့ဘူး"

"လူတစ်ယောက်က အသက်ရှင်နေထိုင်ဖို့ဆိုရင် အစာစားပေးဖို့ လိုပါတယ်။ အရှင်က ဘာဖြစ်လို့ ဘာမှမစားတာပါလဲ" အိမ်တော်ထိန်းကြီးချင်းက သူ့နောက်မှ လိုက်သွားကာ အစားအသောက်၏ အရေးကြီးပုံကို စိတ်ပါလက်ပါ ရှင်းပြလေတော့သည်။

"ယန်မျင်ထျင်က ကောင်းထန်ကို သွားကယ်နေတယ်" ကျောက်ယဲ့လန်က ရုတ်တရက် ထပြောလိုက်သည်။

အီဗယ်လ်စတားဂျန်နရယ်Where stories live. Discover now