(Unicode)
ထိုနေ့ညတွင် မိသားစုတိုင်းကလည်း ဈေးသို့ ရောက်လာကြကာ မြစ်ဘေး၌ မီးပုံးများ လွှတ်နေကြ၍ လမ်းများမှာ အထူးတလည် သက်ဝင်လှုပ်ရှားနေလျက်ရှိသည်။
သူတို့နှစ်ယောက် ရေဆန်အတိုင်း လမ်းလျှောက်လာခဲ့ရာ အကြိမ်ကြိမ်အခါခါပင် လူအုပ်နှင့်အတူ ရောပါသွားရ၏။ ကျောက်ယဲ့လန်က အတန်ငယ် စိတ်ရှုပ်သွားခဲ့ပြီး နောက်လမ်းကြောင်းတစ်ခုမှ သွားရန် အနားရှိ လမ်းကြားလေးထဲသို့ လမ်းလျှောက်ဝင်သွားသည်။
ယန်မျင်ထျင်ကလည်း သူ့နောက်မှ ကပ်လိုက်လာရင်း သူ့လက်ကို ပြန်ချိတ်တော့မည့်အခိုက် လူတစ်ယောက်၏ အော်ဟစ်သံကို ကြားလိုက်ရခြင်းပင်။ "ကလေး၊ ကျွန်မကလေးဘယ်မှာလဲ။ ကျွန်မကလေး ပျောက်နေလို့ပါ။ ကျေးဇူးပြုပြီး တစ်ယောက်ယောက်များ ကူညီပေးလို့ ရမလား။"
လူအုပ်ကြီးက စတင်ထိတ်လန့်သွားကာ ကလေးကို ကူရှာပေးကြသော်လည်း အရိပ်အယောင်မျှပင် ရှာမတွေ့ပေ။ အမျိုးသမီးမှာ ပို၍ပင် ပျာယာခတ်လာပြီး လူတစ်ယောက်က သူ့ကလေးကို ခိုးသွားကြောင်း မြည်တမ်းပြောဆိုနေတော့သည်။
ယန်မျင်ထျင်က ကျောက်ယဲ့လန်ကို ငဲ့ကြည့်လိုက်စဉ် ကျောက်ယဲ့လန်က "သွားလေ" ဟုသာ ပြောလိုက်၏။
"ဒီနေရာမှာ လူတွေတအားများတယ်။ မင်း အရင် တည်းခိုခန်းဆီ ပြန်သွားနှင့်လိုက်။ ကိုယ် ခဏနေရင် ပြန်လာခဲ့မယ်" ယန်မျင်ထျင်က ညွှန်ကြားလိုက်ပြီးနောက် တစ်ဖက်သို့ လှည့်ကာ ပြန်ပြေးသွားခဲ့သည်။
ကျောက်ယဲ့လန် ထိုလမ်းကြားလေးတစ်လျှောက် ဆက်လျှောက်သွားလိုက်သည်။ သို့သော်ငြား ကျောင်းနန် water town ရှိ လမ်းကြားလေးများမှာ များပြားကာ ရှုပ်ထွေးလှ၏။ သူ လမ်းလျှောက်ရင်း လမ်းလျှောက်ရင်းနှင့် လမ်းဆုံးသို့ ရောက်လာသည်။
သူ အနောက်သို့ ပြန်လှည့်ရန် ပြင်လိုက်သော်လည်း ရုတ်ခြည်းဆိုသလိုပင် ရပ်တန့်လိုက်မိ၍ သူ့ဘေးရှိ အိမ်ကို လှည့်ကြည့်လိုက်မိသည်။ မီးရောင်မရှိသည့်တိုင် အထဲမှ ခပ်အုပ်အုပ်အသံများကို ကြားလိုက်ရပြီး ခေါင်းကို တံခါးပေါက်နှင့်ဖြစ်စေ ပြတင်းပေါက်နှင့်ဖြစ်စေ တိုက်လိုက်သည့်အသံက ဆက်တိုက် ထွက်ပေါ်လာခဲ့၏။
![](https://img.wattpad.com/cover/334819167-288-k700234.jpg)
YOU ARE READING
အီဗယ်လ်စတားဂျန်နရယ်
Humorမီယမ်မာထရန်စလေးရှင်း Genre - Comedy, Romance, Yaoi Total Ch - 92 Ch + 13 extra အော်သာ - ကုစန်းယွဲ့