Chapter 14

610 108 3
                                    

(Unicode)

အိမ်တော်တွင် မနက်စာပြင်ဆင်ပြီးလေပြီ။ သူတို့နှစ်ယောက် အိမ်ထဲသို့ ဝင်ဝင်ကြချင်း အစေခံမိန်းကလေးများက တစ်ယောက်ပြီးတစ်ယောက် ဟင်းလျာများ သယ်ယူလာကြသည်။

ယန်မျင်ထျင် စားတော်ကဲကို ပေါက်စီ လုပ်ခိုင်းလိုက်ပြီး သူတို့ စတင်စားသောက်ကြတော့၏။ အကိုက်ကြီးကြီးတစ်လုတ် စားပြီးသည့်အခါ ကျောက်ယဲ့လန်က စားပွဲကို ပျင်းရိနေဟန်ဖြင့် စိုက်ကြည့်နေသေးသည်ကို တွေ့ရ၍ သူ ထုတ်မေးလိုက်သည်။ "ဘာလို့ မစားသေးတာလဲ"

"ဗိုက်မဆာလို့" ကျောက်ယဲ့လန် စားချင်စိတ်မရှိပေ။

"မင်း ပြောတော့ သိပ်မစားခဲ့ဘူးဆို" ယန်မျင်ထျင်က ဆိုသည်။ "ဘာစားခဲ့လို့လဲ"

ကျောက်ယဲ့လန်က သူ့ကို မာနကြီးစွာ ကြည့်လာခဲ့သည်။ "ဘာပဲဖြစ်ဖြစ် မင်းစားပွဲပေါ်ကဟာထက်တော့ ပိုကောင်းတယ်"

"အစားအသောက်က ဘယ်လောက်ပဲကောင်းကောင်း စားတဲ့သူက မကြိုက်ဘူးဆိုရင် အပိုပဲ" ယန်မျင်ထျင်က ပြုံးရင်း ဆက်စားနေလေ၏။

နှစ်ပေါင်းများစွာ စစ်ချီခဲ့ရပြီးသည့်နောက်တွင် သူ့၌ အမြဲ စားချင်သောက်ချင်စိတ် ရှိနေခဲ့သည်။ သွက်သွက်လက်လက်နှင့် များများစားစား စားပြီးသည့်အခါ သူ့ဘာသာသူပင် မသိလိုက်ဘဲ စားပွဲပေါ်ရှိ တစ်ဝက်လောက်ကို စားလိုက်မိတော့သည်။

ကျောက်ယဲ့လန်မှာ အံ့အားသင့်လျက်။ "မင်း နှစ်ပေါင်းရာကျော်အောင် ဘာမှမစားခဲ့ရဘူးလား"

ယန်မျင်ထျင်က ခပ်မြန်မြန် ဝါးလိုက်၍ ဟက်ဟက်ပက်ပက် ရယ်မောလာသည်။ "တစ်ခါတလေ တပ်က ကျွေးတာတွေက မလုံလောက်တော့ တပ်သားတွေက အဆာခံရတာပဲဖြစ်ဖြစ် မဟုတ်ရင် သစ်သီးသစ်ရွက်အစိမ်းတွေရဲ့ အမြစ်တွေကို တူးပြီး စားရတာနဲ့ပဲဖြစ်ဖြစ် အဆုံးသတ်တယ်။ ငါတို့မှာ အစားအသောက်ပူပူရှိတဲ့အခါကျရင် မင်းတို့လို ကောင်းကောင်းစား၊ ကောင်းကောင်းနေရတဲ့ လူတွေလိုမျိုး ပါးစပ်ထဲ မျိုချဖို့ကို မစောင့်နေနိုင်ဘူး။ မင်းက အစားအသောက်ရဲ့ တန်ဖိုးကြီးပုံကို နားမလည်ပါဘူး"

အီဗယ်လ်စတားဂျန်နရယ်Where stories live. Discover now