Chapter 19

665 95 3
                                    

(Unicode)

ကျောက်ယဲ့လန် လက်သီးဆုပ်လိုက်ပြီးမှ ပြန်ဖြေလျှော့လိုက်ရသည်။ စားပွဲပေါ်မှ လက်ဖက်ရည်ပန်းကန်လုံးကို ကောက်ယူလိုက်ရင်း လက်ဖက်ရည်ထပ်ငှဲ့စရာ မကျန်တော့သည်ကို တွေ့သည့်အခါ သူ လေးလံစွာဖြင့် ပြန်ချလိုက်ရပြီး ရုတ်တရက် သူ့အသံကို မြှင့်လိုက်လေသည်။ "နိုးထစမ်းပါ"

"ကြည့်ပါလား၊ မင်းက ရှက်ရမ်းရမ်းနေတာ"

"......"

ယန်မျင်ထျင်က သူ့နောက်ကျောကို လက်လှမ်း၍ ပုတ်ပေးလာ၏။ "ရပါတယ်၊ မစိုးရိမ်ပါနဲ့။ ငါ နားလည်တယ်။ ငါတို့ ဒီအကြောင်းကို မသိသလိုပဲ ဟန်ဆောင်ကြတာပေါ့။ မင်း ငါ့ကို လုံးဝ မကြိုက်ပါဘူး"

ကျောက်ယဲ့လန်မှာ ဆက်လက် သည်းမခံနိုင်တော့ဘဲ သူ့ကို ကန်ထုတ်ပစ်လိုက်သည်။ "ထွက်သွားစမ်း"

ယန်မျင်ထျင်က တံခါးနား ရောက်သွားပြီးနောက်မှ အပြုံးတစ်ပွင့်ဖြင့် ပြန်လှည့်လာခဲ့သည်။ "မနက်စာစားချိန် ရောက်နေပြီ။ မင်း ဘယ်လောက်ပဲရှက်ရှက် အဆာတော့ မခံသင့်ဘူး"

"အခုထွက်သွား"

ဤသို့ဖြင့် မနက်စာမှာ သီးသန့် စားသောက်ဖြစ်ကြသည်။ ယန်မျင်ထျင်က ကောင်းထန် လာရောက်ခစားသည့် အချိန်အထိ ထမင်းစားခန်းထဲတွင် ခေတ္တမျှ စောင့်ဆိုင်းနေသေးနေရာ သူ့သခင်က အခန်းထဲတွင်သာ စားသောက်မည်ဖြစ်ကြောင်း ပြောဆိုလာ၏။

ယန်မျင်ထျင်က နားလည်ဟန် အသံပြုလိုက်သော်လည်း နောက်ထပ် မေးခွန်းတစ်ခု ထုတ်မေးလာသည်။ "မင်း မနေ့က ရသွားတဲ့ ဒဏ်ရာက တော်တော်ပြင်းလား"

"အဲဒီလောက်ကြီး အပြင်းအထန်မဟုတ်ပါဘူး" ကောင်းထန်က ပြန်ဖြေသည်။ "ကျွန်တော့်ကို လာကယ်ပေးတဲ့အတွက် ဗိုလ်ချုပ်ကို ကျေးဇူးတင်ပါတယ်"

အပြစ်ရှိစိတ်ဖြင့် ယန်မျင်ထျင်မှာ စားပွဲဝိုင်းဘက်သို့သာ လှည့်လျက် စားသောက်မိတော့သည်။

ကျောက်ယဲ့လန် အခန်းထဲတွင် စားသောက်ပြီးသွား၏။ အချိန်ကို လှမ်းကြည့်လိုက်စဉ် တော်ဝင်စာသင်ကျောင်းသို့ သွားရောက်ရန် အချိန်တန်ပြီဖြစ်ကြောင်း တွေ့ရသည်။

အီဗယ်လ်စတားဂျန်နရယ်Where stories live. Discover now