Chapter 10

1K 153 7
                                    

(Unicode)

နေဝင်ရီတရောအချိန်တွင် အစေခံများမှာ ညစာအမြန်ပြင်ပေးလိုက်ကြကာ စံအိမ်ကြီးကို သန့်ရှင်းရေး လုပ်ကြရသည်။ သခင်အသစ်၏ လိုအပ်ချက်များက အလွန် များပြားပြီး တိကျလွန်းလှရာ သူတို့မသိလိုက်ခင်မှာပင် ကျောက်အိမ်တော်၏ အစေခံများက ဗိုလ်ချုပ်စံအိမ်ရှိလူများကို မည်သို့ပြုလုပ်ရမည့်အကြောင်း ညွှန်ကြားခြင်းအဖြစ် ပြောင်းလဲသွား၏။ နှစ်ဦးနှစ်ဖက်လုံးက အချင်းချင်း ရန်စောင်နေကြသည့် အခြေအနေသို့ ကျရောက်သွားသည်မှာ မလွဲမသွေပါပင်။

အစက ဗိုလ်ချုပ်စံအိမ်ရှိ အစေခံများမှာ ကြက်များကို အစာကျွေးခြင်းနှင့် ငါးဖမ်းခြင်းကဲ့သို့ သူတို့အချိန်ကို အေးအေးလူလူ ဖြတ်သန်းရခြင်းနှင့် အသားကျနေခဲ့လေသည်။ ပေကျင်းကို ပြန်‌ရောက်လာသည့် ဗိုလ်ချုပ်ကလည်း အပူအပင်မရှိဘဲ ခပ်ပေါ့ပေါ့နေတတ်သူတစ်ယောက်ဖြစ်ရာ သူတို့အကုန်လုံးက ပြုစုစောင့်ရှောက်ပေးရန် မလိုချေ။ ယခုအခါ သခင်အသစ် (သို့မဟုတ် ဘိုးဘေးတစ်ယောက်(1)ဟု ဆိုရမည်) ထပ်ပေါ်လာခဲ့၏။ ပြီးခဲ့သည့် နှစ်ရက်အတွင်းက ထိုသူက သူတို့အတွက် အလုပ်တာဝန်များစွာ ပေါင်းထည့်ခဲ့ပြီး သူနှင့် ခေါ်လာသည့် အစေခံများကလည်း ပို၍ပင် မာနကြီးသေးသည်။ သူတို့မြင်တွေ့သည့် အရာမှန်သမျှကို မကျေနပ်နိုင်ဘဲ မောက်မာစွာဖြင့် သူတို့ကို အလုပ်တာဝန်ခွဲဝေလာသောကြောင့် ထိုသူတို့အား ဒေါသထွက်နေရခြင်းပေ။

တစ်ခဏကြာပြီးနောက်တွင် အစေခံမလေးတစ်ယောက်က မီးဖိုချောင်ထဲဝင်လာကာ သူ့အဖော်များအား ဝမ်းသာအားရဆိုလာတော့သည်။ "အိုး ဘုရားရေ၊ ဗိုလ်ချုပ်က ခြံဝင်းထဲမှာ သူ့ဇနီးကို မြင်းထိုင်,ထိုင်ခိုင်းရင်း အပြစ်ပေးထားတယ်"

"တကယ်ကြီးလား"

သူ့အဖော်များက ဝမ်းမြောက်ဝမ်းသာဖြစ်သွားရပြီး သွားကြည့်ရန် ခြံဝင်းထဲသို့ အပြေးအလွှား သွားရောက်ကြသည်။

ကျောက်အိမ်တော်၏ လူများက ထိုအကြောင်းကို ကြားသည့်အခါ အချင်းချင်း ကြည့်လိုက်ကြရင်း အနောက်က လိုက်သွားမိကြ၏။

အီဗယ်လ်စတားဂျန်နရယ်Where stories live. Discover now