855--856

276 22 0
                                    

Chapter (855)(စာစဉ် ၆၁- အပိုင်း၁၃)

“မူလအိပ်မက်အဆင့်များနှင့်တိုက်ခိုက်ခြင်း”

ယခု အခြေအနေက သူမျှော်လင့်ထားသည်ထက် ပင် ပိုနေသည်။

ရဲခွန်ရှောင်၏ အစွမ်းအစကို သိပြီးသည့်တိုင် ယခု လောက်ထိ ဖြစ်လာလိမ့်မည်ဟု သူမထင်ခဲ့ပေ။

ငါးရက်အတွင်းမှာပင် ရဲရှောင်က အဆင့်ခုနှစ်မှ အဆင့်ကိုးသို့ ရောက်ရှိသွားသည် မဟုတ်ပါလား။

ယခုအဖြစ်က သမိုင်းမှတ်တမ်းပင် ဝင်နိုင်သည့် အခြေအနေမျိုးပင် ဖြစ်ပါတော့သည်။
. . .

မွန်းလွဲပိုင်းတွင် ရဲရှောင်က အတော်ဆုံးအဖြစ် သတ်မှတ်ထားသော ဂိုဏ်းသားများ အားလုံးကို အလဲ ထိုးနိုင်ခဲ့သည်။

မူလဝိညာဉ်တော် အဆင့်ရှိ ဂိုဏ်းသားများ အားလုံးကို အနိုင်ယူနိုင်ခဲ့၍ ရဲရှောင်အဖို့ နောက်ရက် များတွင် အားသွားချေပြီ။

သူ့အနေဖြင့် ဆက်တိုက်ခိုက်ချင် သေးသော်လည်း သူနှင့် တိုက်ခိုက်နိုင်သည့် လူက မရှိတော့ပေ။

ထို့ကြောင့် စိတ်အေး လက်အေးဖြင့် ကျင့်ကြံမှုများ ကိုသာ အာရုံစိုက်နေတော့သည်။

ယခင်ရက်များကလည်း မြေအောက် ပြိုင်ပွဲများ တွင် နှစ်နာရီခန့်သာ သူအချိန်ဖြုန်းခဲ့သည်။

စိန်ခေါ်လာသည့် လူများကိုလည်း တတ်နိုင်သမျှ မြန်မြန် အနိုင်ယူကာ ကျင့်ကြံမှုကိုသာ ပြန်၍ လုပ်ခဲ့သည်။

ရဲရှောင်၏ အံ့ဩဖွယ် ကောင်းသော တိုက်ခိုက် မှုများက အခြားလူများကို စိတ်ဓာတ်ကျ စေခဲ့သည်။

ထို့ကြောင့် ယခုအခါ မည်သူကမှ သူ၏ အစွမ်း အပေါ် မေးခွန်း မထုတ်ရဲကြတော့ချေ။

ထိုသို့ ရဲရှောင်က အရှိန်အဝါ ကြီးမားလွန်းနေ၍ အခြားလူများ၏ အရှိန်အဝါက မပေါ်လွင်နိုင်တော့ပေ။

အချို့လူများဆိုလျှင် ရဲရှောင်လို လူမျိုးနှင့် တစ်ခေတ်တည်း ဖြစ်နေရသည့်အတွက် သူတို့ကိုယ် သူတို့ပင် ယူကြုံးမရ ဖြစ်နေကြသည်။

အတော်ဆုံးဟု သတ်မှတ်ထားသော ဂိုဏ်းသား များက ၎င်းတို့၏ အစွမ်းအစကို သက်ကြီးပညာရှင် များ ရှေ့တွင် ပြသလိုကြသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now