အခန်း (၉၇၅)(စာစဉ် ၇၀- အပိုင်း၉)
“သတ်ဖြတ်ရန် အဆင်သင့် ဖြစ်ခြင်း”
ရွှမ်ပိုင်မှ ဟန်ပိုင်ယွဲ့အား မျက်စောင်းထိုး ကြည့် လိုက်ရင်း -
“ဪ ရှင်က ဘာတွေလုပ်ခဲ့လို့လဲ . . .”
“ရှင်ဖြင့် ဘာမှ မလုပ်ရသေးဘူးလေ အဲဒါတောင် မထိန်းချုပ်နိုင်ဘူးဆိုတာ ရှင်က ဘယ်လိုသိတာလဲ”
“သူတို့ကို အရင် စမ်းပြီး တိုက်ခိုက်ကြည့်ပါဦး”
“ရှင်သေသွားရင် ဒါမှမဟုတ် မအောင်မြင်ရင် အဲဒီ အခါမှသာ ကျွန်မ ဝင်ပါမှာပေါ့ . . .”
“ရှင့်အတွက် ကလဲ့စားချေပေးသလိုတောင် ဖြစ် နေဦးမှာ . . .”
“အဲဒီအတွက် ကျွန်မကို ကျေးဇူးတင်စရာ မလိုပါ ဘူး၊ ကျွန်မတို့က ခရီးသွားဖော်တွေပဲ မဟုတ်လား”
“ရှင့်ကို မကူညီနိုင်ပေမယ့် ရှင့်အတွက်တော့ ကလဲ့ စား ပြန်ချေပေးနိုင်မှာပါ . . .”
“ဘာ . . .”
ဟန်ပိုင်ယွဲ့မှာ မျက်လုံးများ ပြုတ်ထွက်မတတ် ပြူးကျယ်သွားရသည်။
(ဘာတွေ ဖြစ်ကုန်တာလဲ . . .)
(ဒါက ငါ့အစီစဉ် မဟုတ်ဘူးလေ၊ ငါစီစဉ်ထားတာ နဲ့ ပြောင်းပြန်ကြီး ဖြစ်နေပါရောလား . . .)
(ငါတော့ ဟာသလုပ်တာ များသွားပြီ ထင်တယ်)
ရွှမ်ပိုင်က တစ်ကိုယ်လုံး ချွေးများ ထွက်နေသော ဟန်ပိုင်ယွဲ့အား လှမ်းကြည့်လိုက်သည်။
သူမမှာ လက်ရှိတွင် မှတ်ဉာဏ်များ ပျောက်ဆုံးနေ သည့် မိန်းကလေး ပိုင်အာ မဟုတ်တော့ချေ။
အတွေ့အကြုံ ရင့်ကျက်သည့် ထိပ်သီးပညာရှင် တစ်ဦးသာ ဖြစ်နေတော့သည်။
ထို့ကြောင့် ရဲရှောင်နှင့် ပတ်သက်၍သာ ခြွင်းချက် အဖြစ် ထားသော်လည်း ကျန်အခြေအနေတွင်မူ ပညာ ရှင်အိုကြီး တစ်ဦးပင် မဟုတ်ပါလား။
ထို့ကြောင့် ဟန်ပိုင်ယွဲ့၏ အတွေးများကို သူမ ကောင်းစွာ သိနေ၍ အရူးလုပ်ခံမည် မဟုတ်ချေ။
(သူက ဒီလူတွေ ငါ့အပေါ် အာရုံစိုက်ဖို့အတွက် ကြိုးစားနေတာပဲ . . .)
YOU ARE READING