Chapter (922)"တစ္ဆေမှို"

190 21 0
                                    

Chapter (922)(စာစဉ် ၆၆-အပိုင်း၁၂)

“တစ္ဆေမှို”

လိဝူလျန် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားချေပြီ။

ထို့ကြောင့် ရဲရှောင်၏ မျက်နှာ အမူအယာ ပြောင်းလဲသွားသည်ကို သူမသိနိုင်တော့ပေ။

ရဲရှောင်က ရှေးဦးခရမ်းရောင် ချီဓာတ်များကို လိဝူလျန်၏ သွေးကြောများအတွင်း စီးဝင်စေလိုက် သည်။

ထိုအခါ ပြင်းထန်သော ခုခံအား တစ်ခုကို ခံစားမိ လိုက်သည်။

ယခုဘဝတွင် ရှေးဦးခရမ်းရောင် ချီဓာတ်များက သူထင်ထားသည်ထက် အကူအညီများစွာ ဖြစ်ခဲ့သည်။

အနီရောင်နှင့် အဖြူရောင် တိမ်တိုက်များနှင့် ကြုံခဲ့ရချိန်တွင် ထိုချီဓာတ်များက ကောင်းကောင်း အလုပ်ဖြစ်ခဲ့သည် မဟုတ်ပါလား။

ရှေးဦးခရမ်းရောင် ချီဓာတ်များက စကြာဝဠာတွင် အကောင်းဆုံးဆိုသည့် အချက်ကို သူ့အဖို့ သံသယဖြစ် ဖွယ် မရှိပေ။

သို့သော် ယခုအဖြစ်အပျက်ကြောင့် ရဲရှောင် အံ့ဩ သွားမိသည်။

လိဝူလျန်၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော စွမ်းအင် များက အမှောင်စွမ်းအားများသာ ဖြစ်နေသည်။

ထိုအမှောင်စွမ်းအင်များက ရဲရှောင်၏ ချီဓာတ်များ ကို စီးဆင်းစေချိန် တန်ပြန်သက်ရောက်လာခဲ့သည်။

မည်မျှထိဆိုလျှင် သူ၏ ချီဓာတ်များမှတစ်ဆင့် ခန္ဓာကိုယ်ကို လွှမ်းမိုးရန် ကြိုးပမ်းလာခြင်းပင်။

သို့သော် ရှေးဦးခရမ်းရောင် ချီဓာတ်များကလည်း အနှိုင်းမဲ့ချီဓာတ်များပင် ဖြစ်သည်။

ထို့ကြောင့် ရဲရှောင်၏ ခန္ဓာကိုယ်ကို မဝင်လာခင် မှာပင် ဟန့်တားလိုက်သည်။

အကယ်၍ ထိုချီဓာတ်များသာ မရှိပါက ရဲရှောင်ကို ပါသေချာပေါက် လွှမ်းမိုးလာနိုင်သည်။

အလွန်ပြင်းထန်လှသော အမှောင် စွမ်းအင်များဟု ဆိုနိုင်သည်။

ရဲရှောင်က သူ့ကိုယ်သူ ကာကွယ်နိုင်ရန် ချက်ချင်း ရပ်တန့်ပစ်ရန် စဉ်းစားလိုက်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားDonde viven las historias. Descúbrelo ahora