1005---1006

191 16 1
                                    

အခန်း (၁၀၀၅)(စာစဉ် ၇၂- အပိုင်း ၁၁)

“ရွှမ်ပိုင်၏ စိုးရိမ်ပူပန်မှု”

ဆောင်ဂျူမှာ စိုးရိမ်တကြီးဖြင့် ထပ်တလဲလဲ မှာ ကြားနေသည်။

ဟန်ပိုင်ယွဲ့မှာလည်း အဘွားကြီး တစ်ဦးကဲ့သို့ပင် တဖွဖွ မှာကြားနေသည့် ဆောင်ဂျူအား ကြည့်ရင်း အစပိုင်းတွင် ရယ်ချင်သလို ဖြစ်ခဲ့သည်။

နောက်ပိုင်းတွင်မူ ဆောင်ဂျူ၏ မေတ္တာနှင့် စိုးရိမ်ပူ ပန်မှုကို သူကိုယ်တိုင်ပင် ခံစားလိုက်ရသည်။

ဆောင်ဂျူမှာ ရဲရှောင်အပေါ် စိတ်ရင်းစေတနာမှန် ဖြင့် ကောင်းသည်မှာ ကြည့်ရုံဖြင့်ပင် သိသာလှသည်။

ဟန်ဆောင်နေခြင်းမျိုး မဟုတ်ဘဲ တကယ်စိုးရိမ် နေခြင်းပင် ဖြစ်၏။

သူတို့ သုံးဦး အဝေးသို့ ရောက်ချိန် နောက်ပြန် ကြည့်သောအခါတွင်လည်း ဆောင်ဂျူမှာ ရပ်ကြည့်နေ တုန်းပင် ဖြစ်တော့သည်။
. . .

ခရီးဆက်နှင်လာသော သုံးဦးမှာ မည်သည့် စကား မှ မပြော၊ တိတ်ဆိတ်လျက်သာ ရှိနေသည်။

ဟန်ပိုင်ယွဲ့ စိတ်ထဲ ထူးဆန်းသလို ဖြစ်နေမိ၍ ရွှမ်ပိုင်ကို လှမ်းကြည့်လိုက်သည်။

ရွှမ်ပိုင်မှာလည်း တစ်စုံတစ်ခုကို နက်နက်နဲနဲ စဉ်း စားနေပုံပါပင်။

ဟန်ပိုင်ယွဲ့အဖို့ ရွှမ်ပိုင်နှင့် ပတ်သက်လျှင် အစက တည်းကပင် နားမလည်နိုင်အောင် ဖြစ်ခဲ့ရသည်။

(ခင်ဗျားလို နာမည်ကျော် ထိပ်သီးပညာရှင်ကြီးက ဘာလို့ ကျုပ်တို့နဲ့အတူ လိုက်လာရတာလဲ . . .)

(ခင်ဗျားမှာ တခြားဘာမှ လုပ်စရာ မရှိတော့ဘူး လား . . .)

(ကျုပ်တို့တွေ နိမိတ်စီရင်စုမှာ လုပ်စရာရှိတယ်လို့ ပြောတော့ ခင်ဗျားကလည်း လုပ်စရာ ရှိတယ်တဲ့ . . .)

(ဒါပေမယ့် အခု ကျုပ်တို့ ဆောင်မျိုးနွယ်မှာ လုပ် စရာပြီးလို့ ခရီးဆက်လာတာတောင် ဘာလို့ ကျုပ်တို့ နောက်ကို ဆက်လိုက်လာသေးတာလဲ . . .)

(ခင်ဗျားမှာ လုပ်စရာ ကိစ္စတွေ ဘာတွေ မရှိတော့ ဘူးလား . . .)

ရဲရှောင်မှလည်း ရွှမ်ပိုင်အား ကြည့်နေသည်ကို မြင်သောအခါ ဟန်ပိုင်ယွဲ့အဖို့ ပိုမို စိတ်ရှုပ်ထွေးသွားရ သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now