Chapter (885) "သေခြင်းမှ လွတ်မြောက်လာသောလူ"

209 20 0
                                    

Chapter (885)(စာစဉ် ၆၄- အပိုင်း၃)

“သေခြင်းမှ လွတ်မြောက်လာသောလူ”

ရဲရှောင်လည်း ခဏမျှ စဉ်းစားလိုက်ကာ -

“တကယ်တော့ အခုလို အဆုံးသတ်လိုက်တာ ပို ကောင်းပါတယ် . . .”

“နေရောင်ဂိုဏ်းနဲ့ ကြယ်ရောင်ဂိုဏ်း နှစ်ခုက ပူးပေါင်းပြီး ယုတ်မာခဲ့ကြတယ်၊ သူတို့က ကျွန်တော် တို့ ဂိုဏ်းကို ပြိုကွဲသွားစေချင်နေတာ . . .”

“ကောင်းကင် ဝိညာဉ်ခန်းမကို တစ်နေ့နေ့မှာ အပြီးသတ်နိုင်ရင်တောင် ကျွန်တော်တို့ အသုံးပြုတာ သူတို့ မြင်ချင်မှာ မဟုတ်ဘူး . . .”

“အဲဒီတော့ ကောင်းကင်ဝိညာဉ် ခန်းမဆိုတာ တစ်ခုပဲ ရှိနေလိမ့်မယ် . . .”

ရဲရှောင်က အေးစက်စက် ပြောလိုက်သည်။

“ညီနောင်ဂိုဏ်းတွေဆိုတာ တကယ်တော့ ဟာသ တစ်ခုပါပဲ၊ တကယ်သာ ညီနောင်ဂိုဏ်းတွေဆိုရင် ကျွန်တော်တို့ ဂိုဏ်းကလူတွေကို ဘယ်ရက်ရက် စက်စက် သတ်ခဲ့မလဲ . . .”

“တကယ်တော့ ရေခဲလနန်းတော်က ဂိုဏ်းသုံးခု ကနေ ခွဲထွက်တော့မယ်လို့ ပြောတာက ကောင်းကင် ဝိညာဉ်ခန်းမကို မသုံးတော့ဘူးလို့ ပြောလိုက်တာနဲ့ အတူတူပဲ . . .”

“အဲဒီလိုသာဆိုရင် သူတို့က ကျွန်တော်တို့ ဂိုဏ်း ကို ဖျက်ဆီးဖို့ အစီစဉ်တွေ ရပ်တန့်ကောင်း ရပ်တန့် သွားနိုင်တယ်၊ အဲဒီအစား သူတို့အချင်းချင်းပဲ ပြိုင်ဆိုင် ဖို့ကို အာရုံစိုက်သွားကြတော့မှာ . . .”

“ဒါကလည်း ကျွန်တော်တို့အတွက် ကောင်းတဲ့ အချက်တစ်ခုပါပဲလေ . . .”

အဘိုးကြီး သုံးဦးလုံး သက်ပြင်းချလိုက်သည်။

ထိုသက်ပြင်း ရှည်ကြီးနှင့်အတူ ၎င်းတို့၏ ရုပ်ရည်က ပိုအိုစာသွားကြသလိုပါပင်။

ထိုအချိန် -

ဟင်းလင်းပြင်ကြီးထဲတွင် အားဟူက ခုန်ဆွခုန်ဆွ ဖြင့် ရဲရှောင်ကို အော်ခေါ်နေလျက် ရှိသည်။

ရဲရှောင်ကမူ လျစ်လျူရှုထားလိုက်သည်။

ကောင်းကင်ဝိညာဉ်ခန်းမက အားဟူ၏ သည်းခြေ ကြိုက် ဖြစ်နေသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now