Chapter (903)(စာစဉ် ၆၅- အပိုင်း၇)
“လူသားများ၏ လောဘစိတ်”
တကယ်တမ်းတွင် ရဲရှောင်စိတ်ထဲ အနက်ရောင် မြင်းတပ်အပေါ် အများကြီး မမျှော်လင့်ထားပါ။
အနက်ရောင် မြင်းတပ်ဆိုသည်က သိုင်းလောက ၏ အင်အားကြီး အဖွဲ့ကြီး တစ်ခုပင်။
၎င်းတို့ လိုအပ်နေသည်က ထိပ်တန်းပညာရှင်များ သာ ဖြစ်သည်။
သို့သော် ခေါင်းဆောင်ဖြစ်သူ နှစ်ယောက်လုံးက အခြေအနေ မကောင်းလှပါ။
တစ်ယောက်က ဒုက္ခိတ ဖြစ်ပြီး ကျန်တစ်ယောက် ကမူ အိပ်ရာထက်တွင် သေလုမျောပါး ဖြစ်နေသည်။
ထိုသို့ ဖြစ်အောင် လုပ်လိုက်သူက သေချာပေါက် ပင် အစွမ်းထက်သူ ဖြစ်နိုင်သည်။
သို့သော် ယခုလိုမျိုး နောက်ကွယ်က အကြံအစည် မျိုး ရှိနေမည်ကိုတော့ ရဲရှောင် မထင်ထားခဲ့မိချေ။
ဖြစ်နိုင်ချေက အမျိုးမျိုး ရှိနိုင်သည်။
အနက်ရောင် မြင်းတပ် အင်အား ကောင်းလာမှာ ကို မလိုချင်သော ဂိုဏ်းတစ်ခုခု၏ လက်ချက်လည်း ဖြစ်နိုင်သည်။
ထိုသို့မဟုတ်ပါက ရဲရှောင်တို့ စိုးရိမ်ခဲ့ကြသည့် လျှို့ဝှက်အဖွဲ့အစည်းကြီးမှလည်း ဖြစ်နိုင်သည်။
ရဲရှောင်အဖို့ အတွေ့အကြုံများ ရပြီးရင်း ရသွားခဲ့ ပြီဟု ဆိုနိုင်သည်။
နှစ်ဘဝစာအတွင်း လူများ၏ ဉာဏ်နီဉာဏ်နက် များကို တွေ့ကြုံလိုက်ရပြီ မဟုတ်ပါလား။
သခင်ကြီးဘိုင်၊ ဝမ်အာ၊ ချူးအာ၊ နေရောင်ဂိုဏ်း၊ ကြယ်ရောင်ဂိုဏ်းနှင့် နိုင်ငံ့အရေးအခင်းများ။
ထိုလူ ထိုအရာများထံမှ ဉာဏ်နီဉာဏ်နက်မျိုးစုံကို သူကြုံတွေ့ခဲ့ဖူးချေပြီ။
ယခုဘဝ ရေခဲလနန်းတော်သို့ သူ ရောက်ချိန်တွင် လည်း အခြေအနေမျိုးစုံကို ကြုံတွေ့ခဲ့ရသည်။
လုပ်ကြံ သတ်ဖြတ်မှုကြောင့် သေလုမျောပါးလည်း ဖြစ်ခဲ့ရသည်။
ထိုအခြေအနေများမှ လွတ်မြောက် လာနိုင်သော သူ့အဖို့ အရာရာကို သတိသာ ထားနေမိတော့သည်။
YOU ARE READING