1065----1066

186 13 1
                                    

🚨18+အနည်းအကျဉ်းပါလို့ အဆင်မပြေတာရှိရင် မေတ္တာရှေ့ထား နားလည်ပေးကြပါနော်

အခန်း (၁၀၆၅)(စာစဉ် ၇၇ - အပိုင်း ၁)

“အိပ်မက်များလား”

ရဲရှောင် ထိုသို့ ကြိမ်ဖန်များစွာ ပြောင်းလဲမှုဖြစ်ပေါ် နေသည့်တိုင် ရွှမ်ပိုင်သာမက ဟန်ပိုင်ယွဲ့ပါ သတိမပြု မိခဲ့ကြပေ။

တကယ်တမ်းတွင် ခန္ဓာကိုယ်အတွင်း လည်ပတ် နေသော စွမ်းအင်များ ကုန်ဆုံးသွားသည့်အခါ ရဲရှောင် ၏ စိတ်ဝိညာဉ်ကလည်း ပြန်၍ တည်ငြိမ်သွားမည်။

ထိုအခါ ရဲရှောင်လည်း အိပ်မောကျနေရာမှ ပြန် လည် နိုးထလာပေလိမ့်မည်။

ယမန်နေ့က ဖြစ်သွားခဲ့သည်မှာလည်း ထိုအတိုင်း ပါပင်။

ထိုဖြစ်ရပ်၏ သဘောသဘာဝမှာ သူ၏ စိတ် ဝိညာဉ်အတွင်းရှိ မတည်ငြိမ်သော စွမ်းအင်ကို ရဲရှောင် မှ ထိပါးရန် အားထုတ်လိုက်ခြင်းကြောင့် ယခုကဲ့သို့ ဖြစ်ပျက်နေရခြင်းသာ။

စင်စစ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲခြင်း ကြောင့် စွမ်းအင်များ တန်ပြန်သက်ရောက်လာခြင်း လည်း ဖြစ်သည်။

ထို့ကြောင့် သူ၏ စိတ်ဝိညာဉ်က တည်ငြိမ်မှုမရှိဘဲ မငြိမ်မသက် ဖြစ်လာခြင်းကြောင့် ယခုကဲ့သို့ အိပ်မော ကျနေရခြင်းပင် ဖြစ်၏။

ထိုအချက်က ရွှမ်ပိုင်နှင့် ဟန်ပိုင်ယွဲ့တို့ မသိသည့် အချက်သာ ဖြစ်လေသည်။

ထိုစဉ် ရဲရှောင်၏ ခေါင်းထဲ၌ ပုံရိပ်တစ်ခု ထင်ဟပ် လာပြီး ထိုပုံရိပ်ကို မြင်ချိန်တွင် သူ့ရင်ထဲ နွေးထွေးလုံ ခြုံသွားသလို ခံစားလိုက်ရသည်။

အိပ်မက်လော၊ တကယ့် အစစ်မှန်လောမူ သူဝေခွဲ မရချေ။

ထို့ကြောင့် သူ၏ နှုတ်မှ ကယောင်ကတမ်းဖြင့် -

“ပိုင် ပိုင် ပိုင်အာလား . . .”

ထိုစဉ် ရွှမ်ပိုင်က ရဲရှောင်အား ၃ ကြိမ်ခန့် စစ်ဆေး ပြီး၍ ထွက်ခွာရန် ဟန်ပြင်နေချိန် ဖြစ်သည်။

သို့သော် ခေါ်သံကို ကြားလိုက်ရ၍ ရဲရှောင်အား ပြန်၍ ကတုန်ကယင်ဖြင့်ပင် ကြည့်လိုက်မိသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now