Chapter (915)"ငါ့ရဲ့ဝိညာဉ်စွမ်းအားက မင်းရဲ့ခွန်အား"

199 18 0
                                    

Chapter (915)(စာစဉ် ၆၆- အပိုင်း၅)

“ငါ့ရဲ့ဝိညာဉ်စွမ်းအားက မင်းရဲ့ခွန်အား”

စင်စစ် ထိုအရိုး၏ သက်တမ်းက နှစ်ပေါင်းသောင်း ချီခန့်ပင် ရှိနေပြီ။

ရဲရှောင် စဉ်းစားရင်း ထိတ်လန့်လာမိသည်။

ထို့ကြောင့် လုပ်စရာရှိသည်များကို ခပ်သွက်သွက် လုပ်ရန် သူ့ကိုယ်သူ သတိပေးလိုက်သည်။

ထို့နောက် အရိုးများကို အစီအရီ ဖြစ်အောင် လုပ်လိုက်သည်။

အချိန်အနည်းငယ် အကြာတွင် သူ့ခြေထောက် အောက်ရှိ အရိုးများကို ရှင်းလိုက်နိုင်သည်။

“တစ်ချိန်တုန်းက ခင်ဗျားတို့အားလုံး သူရဲကောင်း တွေ ဖြစ်ခဲ့ကြတယ် . . .”

“ဒီလို အရိုင်းဆန်တဲ့ နေရာမှာ ရှိနေရတာ ခင်ဗျား တို့အတွက် ဝမ်းနည်းစရာပဲ . . .”

“ဒါပေမယ့် ကျုပ် ရောက်လာပြီဆိုတော့ ခင်ဗျား တို့ကို နည်းနည်းတော့ ကူညီနိုင်မယ် ထင်တယ် . . .”

“ငြိမ်းချမ်းစွာ အနားယူကြပါတော့ . . .”

“သူရဲကောင်းကြီးတို့ . . .”

ထိုသို့ ရေရွတ်ပြီးနောက် သူ၏ လက်တစ်ဖက်ဖြင့် မြေပြင်ကို အားကုန် ရိုက်ချလိုက်သည်။

ထိုအခါ မြေပြင်တွင် ကြီးမားသော တွင်းကြီးတစ်ခု ဖြစ်ပေါ်သွားသည်။

တဖန် အရိုးများကို ထိုတွင်းကြီးထဲ ရွှေ့ပြောင်းပေး လိုက်ပြန်သည်။

တောက်ပပြီး မာကြောနေသော အရိုးများကိုမူ ချန်ထားခဲ့သည်။

“ဒီအရိုးရဲ့ ပိုင်ရှင်တွေက သူတို့ခေတ်မှာတုန်းက တော်တော်ကို အစွမ်းထက်တဲ့ လူတွေ ဖြစ်ရမယ် . . .”

“ဘာလို့များ သာမန်လူတွေ အဖြစ်နဲ့ မနေချင်ခဲ့ကြ ရတာလဲ . . .”

“ခင်ဗျားတို့က ရန်သူတွေ ဖြစ်ခဲ့ကြလား မိတ်ဆွေ တွေ ဖြစ်ခဲ့ကြလားဆိုတာ မသိတော့ အတူတူပဲ မြှပ်နှံ ပေးလိုက်ပါရစေ . . .”

“အခုချိန်မှာတော့ တစ်ယောက်နဲ့ တစ်ယောက် အတူတူ ရှိကြတော့ပေါ့ . . .”

“ခင်ဗျားတို့ တိုက်ခိုက်ချင်လည်း ရတယ် သောက် စားချင်လည်း ရတယ် . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now