အခန်း (၁၁၀၅)(စာစဉ် ၇၉- အပိုင်း ၁၃)
“ရဲရှောင်အကြောင်း ပြောကြခြင်း”
ကျွင့်ယင်းလျန်လည်း အဖြစ်အပျက်များ အားလုံး ကို နားလည်သဘောပေါက်သွားသည်။
ထိုလူများက သူမ၏ အရိပ်အခြေအနေအား အမြဲ မပြတ်စောင့်ကြည့် လေ့လာခဲ့ကြသည့် ပုံပါပင်။
ထို့ကြောင့်သာ ယခုနေရာ၌ ထောင်ခြောက်ဆင် နိုင်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ သူမသာ စိတ်မထိန်းနိုင်ဘဲ ဆင်းကယ် လိုက်မည်ဆိုလျှင် ၎င်းတို့၏ ထောင်ခြောက်အတွင်း သက်ဆင်းသွားရမည်သာ။
ထိုလူများက ရှောင်ဧကရာဇ်ကဲ့သို့ပင် ဟန်ဆောင် နိုင်ပြီး ထောင်ခြောက်ဆင်ရာတွင်လည်း ကျွမ်းကျင် ပိုင်နိုင်လှသည်။
ထို့ကြောင့် ကျွင့်ယင်းလျန်ပင် မလွတ်မြောက်လု နီးပါး ဖြစ်ခဲ့ရသည်။
ထိုရှောင်ဧကရာဇ် အတုကိုသာ ကယ်တင်မိပါက သူမကိုပင် ပြန်တိုက်ခိုက်လာနိုင်မှန်း ရိပ်စားလိုက်မိ သည်။
ထိုသို့သော အခြေအနေမျိုးတွင် သူမလည်း မည် သည့်နည်းနှင့်မျှ ခုခံကာကွယ်နိုင်လိမ့်မည် မဟုတ်ပေ။
ကံကောင်းစွာဖြင့်ပင် ထွက်မကယ်ရန်သာ သူမ ဆုံးဖြတ်နိုင်ခဲ့သည်။
သို့သော် ထိုလူ၏ မျက်နှာကို သူမ ပထမဆုံး မြင် တွေ့ရသည့်အချိန် ကမ္ဘာကြီး တစ်ခုလုံး ချာချာလည် သွားသလိုပင် ခံစားလိုက်ရသည်။
(ဟင် ရဲရှောင် သူက အသက်ရှင်နေတုန်းလား)
ထိုအချိန် ရန်သူများ၏ အပြန်အလှန် စကားပြော သံများကို နားထောင်ကြည့်သောအခါ ထိုလူက သူမ အချိန်ကြာမြင့်စွာ လွမ်းဆွတ်ခဲ့ရသည့် ရဲရှောင်ဖြစ်မှန်း ကို သိခဲ့ရသည်။
ထို့ကြောင့် ထိုလူအနား တိုးကပ်၍ ဟုတ်မဟုတ် စစ်ဆေးကြည့်ချင်မိသော်လည်း သူမ၏ စိတ်များကို သာ ချိုးနှိမ်ပစ်ခဲ့လေသည်။
ချင်းရန်နယ်ပယ် တစ်ခုလုံး၌ ရဲရှောင်အကြောင်း အသိဆုံးလူကို ညွှန်ပြပါဆိုလျှင် ကျွင့်ယင်းလျန်သာ ဖြစ်လိမ့်မည်။
YOU ARE READING